p - 26

1.4K 59 0
                                    

Unicode..

" Hello.. "

" ...."

" ရှင် ဆူရ်ဘုန်လေဆိပ်မှာ..?.."

" .. "

" တော်ဝင်တို့က လဲင်သဲရွာကို သွားမလို့"

".."

" ဟုတ် အဲ့တာဆိုလည်း လာခဲ့ပါမယ်။"

တော်ဝင်ဖုန်းချလိုက်ပြီး ဘေးမှ ကားမောင်းနေသော မိုးရိပ်ကို အကဲခတ်လိုက်သည်။
မိုးရိပ်သည် တော်ဝင်မပြောပြလျှင် တစ်ခွန်းမျှ မေးလိမ့်မည် မဟုတ်။
တော်ဝင် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး..

" ကလေး.."

" ရှင်"

" ကိုယ်တို့ ဆူရ်ဘုန်လေဆိပ်မှာ မားကို သွားကြိုရမယ်။ ကလေး မားနဲ့တွေ့ဖို့ အဆင်သင့်ဖြစ်ပြီလား..။"

မိုးရိပ် တော်ဝင်စကားကို သေချာနားထောင်ပြီး ကားကို လမ်းဘေးတစ်နေရာမှာ ရပ်လိုက်သည်။

" မ အနားမှာ ရှိရင် တွေ့ရဲပါတယ်။ အနောက်ပြန်လှည့်ရမှာဆိုတော့ လဲင်သဲကို မသွားတော့ဘူးလား..။"

" အွန်း မားက ‌ရောက်နေပြီဆိုတော့ နောက်နေ့မှ သွားကြရအောင်.."

" ဟုတ်ပါပြီ.."

မိုးရိပ် ကားကို ကွေ့ပြီး နောက်ကြောင်း ပြန်လှည့်လိုက်သည်။ ကိုယ်တိုင်ကိုယ်ကျ တွေ့ရမည်ဆိုတော့ မိုးရိပ် ရင်တွေတုန်ပါသည်။

....

လေဆိပ်ကို ရောက်ပြီး ဘယ်လောက်မှ မရှာလိုက်ရ ခေတ်မှီသော အပြင်အဆင် နှင့် အမျိုးသမီးရှေ့သို့ မိုးရိပ်လက်ကိုဆွဲပြီး ခေါ်သွားသည်။
တော်ဝင်နှင့် မျက်နှာချင်းဆင်သော အမျိုးသမီးကြီးသည် ကျက်သရေ ရှိလှသည်။

" မားက မြန်လိုက်တာ တော်ဝင်က နောက်နေ့မှ ရောက်မယ် မှတ်လို့.."

" အေး ဒီနေ့ပဲ လာလိုက်တာ ဒီမှာလည်း လည်ချင်သေးတယ်လေ။ ခရီးမထွက်ရတာ ဘယ်လောက်ကြာပြီလဲ.. ဒါနဲ့  ဒီက ကလေးမက tourist နဲ့တူတယ်.."

တော်ဝင်၏ အမေက ပြောရင်း သူမတို့ နှစ်ယောက် ဆုပ်ကိုင်ထားသော လက်တွေကို ခဏမျှ စိုက်ကြည့်ပြီး ဘာမှတော့ မပြော..

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now