Unicode..
အိမ်ပြန်ရောက်ပြီး ခဏတဖြုတ်နားကာ
မိုးရိပ် မေမေ့ကို အခန်းပြင်ပေးဖြစ်သည်။
ပစ္စည်းတွေ သေချာနေရာချပြီး မေမေ့ကို နားစေကာ ကိုယ်တိုင်က ရေချိုးပြီး ညနေစာစားဖို့ ပြင်ရပြန်သည်။တော်ဝင်ကလည်း ကူလုပ်ပေးမည်ဆိုသဖြင့်
နှစ်ယောက်သား kitchen dateလိုက်ကြသည်။ချက်ပြုတ်ပြီး၍ ချွေးပြန်လာသဖြင့် တစ်ခါ ရေချိုးဖို့ပြင်ရပြန်သည်။
" မလည်း ချွေးတွေ ပြန်နေလို့ ရေချိုးမယ်။"
" အင်း ချိုးလေ .. ကိုယ်ပြီးမှ ချိုးမလား.. အရင်ချိုးမလား။"
" အချိန်ကုန်သက်သာအောင် တူတူချိုးမယ်လေ.."
" အာ မနော်.. အရင်ချိုး။ ကိုယ် ထမင်းပွဲပြင်ရင်း စောင့်နေမယ်။"
" ဘေဘီကလည်း.."
" ဘေဘီကမလည်းဘူး။ သွားချိုးသွား.."
ပြောရင်း ရေချိုးခန်းထဲအတင်းတွန်းထည့်လိုက်ရသည်။
ရေသံကြားပြီဆိုမှ ထမင်းစားခန်းထဲ ပြန်သွားပြီး ထမင်းစားပွဲပြင်ရသည်။လုပ်နေသည်မှာ မည်မျှ ကြာသွားသည်မသိ၊
ခါးကိုဖက်တွယ်လာသော လက်တစ်စုံနှင့်
ရင်းနီးနေပြီဖြစ်သော ကိုယ်သင်းနံ့တစ်ခုကြောင့် သတိဝင်လာသည်။
လက်တွေကို ပြန်အုပ်ကိုင်လိုက်ရင်း.." မ လက်တွေ အေးနေတယ်။ရေတွေ အကြာကြီး ချိုးခဲ့ပြန်ပြီလား.."
မိုးရိပ်က ပြောနေပင်မယ့် တော်ဝင်က တုတ်တုတ်မျှမလှုပ်..
လက်တွေကို ဖယ်ပြီး လှည့်ဖို့ လုပ်တော့ ခါးတွေကို ပိုတိုးဖက်ရင်း ပခုံးတွေပေါ် ခေါင်းတင်လာသည်။" ချွဲစိန်လေးလား.. ကိုယ်ရေချိုးရအုံးမယ်လေ..။ သွား မေမေ့ကို သွားကြည့်အုံး။ ရေမချိုးရသေးရင် ရေချိုးပြီး ညစာစားမယ်လို့ပါ ပြောခဲ့..။"
" မသွားချင်ဘူး.."
လက်တွေကို လွှတ်ပြီး ဆူပုပ်ပုပ်နှင့်ပြောလာသည်။ မိုးရိပ်မှာ အသည်းယားနေပေပြီ..
မိုးရိပ် တော်ဝင်၏ပါးတွေကို ခြေဖျားထောက်နမ်းလိုက်ပြီး..

YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
Lãng mạnEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။