p -10

1.6K 82 4
                                    

Unicode..

မိုးရိပ် အစောကြီးနိုးလာသည်။ အခန်းဖော်ကို ကြည့်တော့ အိပ်နေသဖြင့် တိုးတိုးတိတ်တိတ် ထပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။

မနက်စောစောလေနုအေးလေးသည် မိုးရိပ်မျက်နှာကို ဖွဖွလေးဖြတ်ပြေးသွားသည့်
အထိအတွေ့ကြောင့် မိုးရိပ် ခဏတော့ ပြုံးမိသွားသည်။

ခြေလှမ်းတို့ကို ရေချိုးခန်းသို့ လှမ်းရင်း တစ်နေ့တာ၏ လုပ်ငန်း ဆောင်တာများကို စက်ရုပ်အလား လုပ်နေမိသည်။

မတွေ့တော့ဘူး လုပ်ထားသော်လည်း အဲ့အကြောင်းကိုပဲ အတွေးတွေက ခလုပ်တိုက်သည်။

' မက ဖုန်းဆက်တာ မကိုင်ဘူး။ အလုပ်မအားလို့လား။ ဒါမှမဟုတ်တစ်ခုခုဖြစ်နေတာလား။ ဘာမှမဖြစ်ပါစေနဲ့..  online ပေါ်တက်ကြည့်ရမယ်။ ဖုန်းမဆက်လည်း ရပါတယ်။ ဘာမှ မဖြစ်ရင် တော်ပါပြီ.။'

internet ဖွင့်ပြီး messenger ထဲ ဝင်ကြည့်မိသည်။ active 12 hours ago လို့ ပြနေသည်။
profile နေရာကို ကြည့်မိတော့..

ဖုန်းကိုင်ထားသော မိုးရိပ်လက်တွေ တုန်ယင်လာသည်။ အသံမထွက်ပါပဲ မျက်ရည်တို့ ကျလာသည်။ ရင်ဘက်ထဲ အောင့်လာလို့ လက်နှင့် ဖိထားသည်အထိ အောင့်တာ ရပ်မသွား။
ရင်ဘက်တွေ နာကျင်နေသည့်ကြားမှလက်တွေသည် profile ထဲ ဝင်ကြည့်မိလျက်သား..

' မက ယောက်ျားတစ်ယောက်နဲ့။ မဟုတ်ဘူး ... မဟုတ်ဘူး။ သူတို့က သူငယ်ချင်းတွေပါ။
မနေ့က ငါဒီလောက် ဗိုက်အောင့် နေတာကို မက သူနဲ့ ပျော်နေတာ.. မဟုတ်ဘူး။ မက အဲ့လို မဟုတ်ပါဘူး။'

မိုးရိပ်စိတ်ထဲ ကောင်းတဲ့ အတွေးတွေနှင့် မကောင်းတဲ့ အတွေးတွေ လွန်ဆွဲနေသည်။
မျက်လုံးထဲလည်း အရင်က အရိပ်တွေ ထင်ဟပ်နေသည်။

ခန္ဓာကိုယ် အနှံ့ပွတ်သပ်နေသော လက်တွေသည်
လက်ရှိမှာပွတ်သပ်နေသလို..
အော်မိမှာစိုး၍ တင်းတင်းစေ့ထားမိသော သွားတို့သည် သွေးတို့ စိမ့်ထွက်လာသည်။
ဖုန်းကို ဆုပ်ကိုင်ထားမိရင်း မျက်လုံးတို့ တင်းတင်း မှိတ်ထားမိသည်။

အမြင်အာရုံထဲက ပုံ‌ရိပ်တွေ ပျောက်ကွယ် သွားချင်သည်။
စိတ်ထဲ အကြိမ်ကြိမ် အော်ဟစ်နေသည်က..

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now