Unicode..
" ဟီး.."
ဝိုင်နှစ်ခွက်လောက်သောက်ပြီး တော်ဝင်ကို သွားအဖြီးသားနှင့် ရယ်ပြလာသည်။
အူရိုင်းလေးမို့ နှစ်ခွက်လောက်သောက်
တာနှင့် မူးနေကြောင်း မှေးစင်းနေသော မျက်လုံးတွေက သက်သေပြုနေကြသည်။" သောက်အုံးမှာလား ကလေးမ မူးနေပြီလား.."
" သောက်မှာ သောက်မှာ အများကြီး.."
မှေးစင်နေသော မျက်ဝန်းတွေကို အတင်းဇွတ်ဖွင့်ပြီး ပြောနေသည်မှာ အူယားစဖွယ်..။
ငါးခွက်လောက် ဆင့်သောက်ပြီး တော်ဝင်ကို ရီဝေဝေနဲ့ ကြည့်လာသည်။" ကလေးမ အဆင်ပြေရဲ့လား.."
ပြောပြီး လက်ကမ်းပေးတော့ လက်ကို ပုတ်ထုတ်သည်။
" လူကို မထိနဲ့ လူယုတ်မာကြီး.."
" အယ် မ ဘာလုပ်လို့လဲ.."
" လုပ်တယ်။ လုပ်တော့မှာ လူကို လိုက်ထိတယ်..။
အာလေး လျှာလေးနှင့် ပြောနေသဖြင့် မနည်း နားထောင်လိုက်ရသည်။
" ဟား ဟား မလုပ်ပါဘူး.."
" လူယုတ်မာ ရယ်သံနဲ့..အဟင့်.."
" ဟုတ်ပြီ ဟုတ်ပြီ မထိတော့ဘူးနော်.. ဆက်သောက်အုံးမှာလား ။
ခေါင်းညိတ်ပြပြီး ကြွက်တွင်းထဲ ရေလောင်းထည့်သလို တဂွက်ဂွက်နှင့် မော့သောက်နေပြန်သည်။
တစ်ချက်တစ်ချက် ကုန်းထနေသဖြင့် တော်ဝင်မှာ လှမ်းလည်း မဆွဲရဲ။
တော်သေးတာက အမူးလွန်ပြီး မထနိုင်လို့။တအောင့်နေတော့ ဘာမှ မလုပ်ပဲ ငြိမ်သွားသည်။
ပြီးနောက်.." အဟင့် အီးဟီး မရ မရှစ်တော့ဝူး လူရွေရယ်.." ( မက မချစ်တော့ဘူး လူတွေရယ် )
/ကျွန်မက မြန်မာစာ ဘာသာပြန်/ ~~
ရုတ်တရက် ထငိုသဖြင့် တော်ဝင်မှာ ဘာလုပ်ရမှန်းမသိ..
" မငိုရဘူးလေ ကလေးရယ် တိတ်တိတ် .."
" အဟင့် ငိုနာပဲ ချီ လူရို.."
( ငိုမှာပဲ ချီ လူကို)" ဟင် ဘာပြောတာ.."
" ရှိီလို့ ရှီ ရှီ.."
( ချီလို့ ချီ ချီ)
![](https://img.wattpad.com/cover/337527499-288-k617799.jpg)
YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
RomanceEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။