p - 38

1.6K 66 7
                                    

Unicode..

" မအိပ်သေးဘူးလား.."

မိုးရိပ်ငိုနေသည်မှာ အချိန်ဘယ်လောက်ကြာသွားသည်ပင် မသိ။လိုက်ပို့သော တော်ဝင်ပင် ပြန်လာပြီ..။

မိုးရိပ် မော့ကြည့်လိုက်သည်။

" မျက်ရည်တွေနဲ့ ဘယ်လိုဖြစ်နေတာလဲ.."

" မငိုလို့ ကိုယ်က ဒီအခြေအနေမှာ ဟားတိုက်ရယ်နေရမှာလား.."

" နင် ငါ့ကို မရွဲ့နဲ့.."

မိုးရိပ် အံကို တင်းတင်းကြိတ်လိုက်မိသည်။

" အဲ့တစ်ယောက်ကို ဘာလို့ ပြန်လိုက်ပို့ရတာလဲ
ဘာလည်း သူ့အပေါ် ခံစားချက်‌ရှိနေလို့ ဒီလောက် စိတ်မချဖြစ်နေတာလား.."

တော်ဝင်က မိုးရိပ်အနားကို တိုးလာပြီး ပခုံးတွေကို ဆုပ်ကိုင်ရင်း..

" နင် ငါ့ကို မစော်ကားနဲ့!  နင်လုပ်လိုက်လို့ သူ့ခြေထောက်အခြေအနေက ဆိုးသွားတာ။ ငါက လိုက်မပို့ရအောင် ငါအဲ့လောက် လူမှုရေး မခေါင်းပါးဘူး။"

" သူက ပလီပလာများနေတာ အဲ့တာကို မ သိလား။
အခုမှ မေတ္တာရှင်ကြီး လုပ်မနေနဲ့။ သူက ဒီယုန်မြင်လို့ ဒီခြုံထွင်တာကို ကိုယ်က လက်ပိုက်ကြည့်နေရမှာလားဟမ်.."

တော်ဝင်က ဆုပ်ကိုင်ထားသည့် ပခုံးတွေကို စောင့်လွှတ်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

" နင်ကရော အခုအချိန်ထိ ယောက်ျားတစ်ယောက်နဲ့ အပြင်မှာ ရှိနေသင့်လား။ နင့်ကိုနင် ဘာထင်နေလည်း။"

" ကိုယ်တို့က အလုပ်အကြောင်း ပြောနေတာရိုးသားတယ်။ မတို့ကသာ.."

" ငါတို့က ဘာဖြစ်နေလို့လဲ ဟမ်!!"

" ဟို မမ .."

တော်ဝင်တို့ ရန်ဖြစ်နေသည့် အချိန်မှာပင် ထွဋ်ခေါင်တင်က ဧည့်ခန်းအဝကနေ ပြောလေသည်။

တော်ဝင်က လှည့်ကြည့်ရင်း..

" အော် ထွဋ် ဘာကျန်ခဲ့လို့လည်း.."

" ဘောင်းဘီလေး ကျန်ခဲ့လို့ လာယူတာ ဟို အဆင်ပြေရဲ့လားဟင်"

" ကိုယ့် ဘာသာ အဆင်ပြေပြေမပြေပြေ နင့် အပူပါလား!!"

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now