p - 34

1.4K 56 0
                                    

Unicode..

" ဟင် မ က ပြင်တောင် ပြင်ပြီးပြီလား..။"

" အင်း ပြင်ပြီးပြီ ဟိုမှာ ဘေဘီ ဝတ်ဖို့.."

ကုတင်ပေါ်တင်ထားသော ဂါဝန်ကို လက်ညှိုးထိုးပြရင်းပြောလေသည်။

" ဟင် ဂါဝန်ကြီးလား မ ကကျ ဘောင်းဘီနဲ့.."

နှုတ်ခမ်းတွေကို စူပြီး မကျေမနပ်ပြောလေသည်။

" မက မလေ ဘေဘီက ဘေဘီ မတူဘူး.."

" ဟွန့် အယုတ်တမာ.."

မိုးရိပ်မှာ အလှပြင်ရန် မှန်တင်ခုံပေါ် ထိုင်လိုက်သည်။
တော်ဝင်မှာမူ မိုးရိပ်၏ bathrobe အောက်က တစ်ချက်တစ်ချက်ထွက်လာသည့် ညှပ်ရိုးလေးကို ခိုးကြည့်ရသည်မှာ အမော..။

အလှပြင်ပြီး ဖြူဖြူလွလွဂါဝန်လေးကို ဝတ်ပြီးသည့်နောက် ပြင်ဆင်ခြင်း အမှုသည် ပြီးစီးလေပြီ..။

မိုးရိပ်လုပ်သမျှကို တစ်ချိန်လုံး ငေးကြည့်နေသည့် တော်ဝင်မှာမူ မျက်တောင်ပင် ခတ်ရဲ့လားလို့ မေးချင်စဖွယ်..။

" မ ဘယ်ကို သွားမှာလဲ.."

" ရောက်ရင် သိမှာပေါ့"

" အဲ့လိုနဲ့ခေါ်ခေါ် သွားတာ ဘယ်နှစ်ခါ ရှိနေပြီလဲ သိပ်မကျေနပ်တော့ဘူးနော်.."

" မကျေနပ်တော့ ဘာလုပ်ချင်တုန်း"

" အာဘွားပေးချင်လို့ ရွှတ်"

တော်ဝင်အနား တိုးကပ်ပြီး ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်။

" လာ လာ သွားမယ် နောက်ကျနေပြီ.."

လက်ကို အတင်းဆွဲသွားပြီး ကားပေါ် ထိုးထည့်ခြင်း ခံလိုက်ရပါသည်။

ခန်းမထဲ ခြေချလိုက်သည်နှင့် ခန်းမထဲက လူများ၏ အာရုံစူးစိုက်ခြင်းကို ခံလိုက်ရသည်။
အပြင်ကမ္ဘာတွင် မှောင်စပျိုးနေပြီဖြစ်သော်လည်း ခန်းမထဲတွင်တော့ မီးရောင်တို့ဖြင့်
လင်းထိန်နေသည်။

" ဟင် လူတွေ အများကြီးပဲ.."

တစ်ခုခုကြောင့်မှန်းသိသော်လည်း အခုလို လူတွေ အများကြီးနဲ့ တွေ့ရတော့ ရင်တုန်ပန်းတုန်ဖြစ်ရသည်။

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now