p -9

1.6K 83 0
                                    

Unicode..

အဆောင်နေ ကျောင်းသူများ ကျောင်းတက်နေသဖြင့် အဆောင်တွင်း သက်ရှိဟူ၍
အော်ညည်းနေသော ခိုတစ်စုရယ် မိုးရိပ်ရယ်သာရှိလေသည်။

အပေါ်ထပ် ကော်ရစ်တာကို လျှောက်လှမ်းနေသော ခြေလှမ်းတို့သည် အလွမ်းတို့ကြောင့် လေးလံနေသည်။

အခန်းသော့ဖွင့်ပြီး ကုတင်ပေါ်လှဲလိုက်သည်။
အဝတ်တွေတောင် လဲချင်စိတ်မရှိ၊ ဆေးသောက်ရအုံးမည်ဆိုတာ သိပင်မယ့် မျက်လုံးတို့ မဖွင့်ချင်။

အမြင်အာရုံထဲဝင်လာသည့် မြင်ကွင်းတို့ကို ပျောက်မှာ စိုးသည့်အလား..။

မိုးရိပ်အတွက် ပထမဆုံးအနမ်း..
ရင်ခုန်ရပါသည်။
ကြည်နူးရပါသည်။

' မရဲ့ နှုတ်ခမ်းလေးက ပွင့်ဖက်လေးတွေလိုပဲ နူးညံ့လိုက်တာ..'

ယောင်ယောင်မှားမှား နှုတ်ခမ်းတို့ကို ပြန်စမ်းမိလိုက်သည်။

ကိုယ့်အဖြစ်ကို ပြန်တွေးမိပြီး အရှည်သည်းစွာ
စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်သည်အထိ ရင်ခုန်သံတို့သည် ရပ်တန့်မသွား..။

နွေနေ့လည်ခင်း၏ အပူရှိန်က တရိပ်ရိပ် တက်လာသဖြင့် စောင်ကို ဘေးချပြီး အဝတ်လဲရသည်။

‌ကန်တင်းမသွားချင်သဖြင့် ဆေးသောက်ပြီးရင် မုန့်စားဖို့သာ ဆုံးဖြတ်လိုက်သည်။
ဆေးက စုစုပေါင်း သုံးလုံးသောက်ရမှာမို့
လက်ထဲ သုံးလုံးဖောက်ထည့်ပြီး တစ်ခါထဲ သောက်သည်။
ပျို့တက်လာသည်ကို ရေနှင့် မျောချပြီး ခါးတာပျောက်အောင် မုန့်ကို မြန်မြန်စားလိုက်ရသည်။

ဆေး‌သောက်တိုင်း ဤဝေဒနာကို တစ်နှစ်လောက် ခံစားရအုံးမည်။

‌ဆေးသောက်ပြီး မျက်လုံးတို့ မှေးစင်းလာသည်။
မအိပ်ဘူးလို့ တွေးထားပင်မယ့် မျက်လုံးတို့သည်
မိုးရိပ်အမိန့်ကို မနာခံတော့...။

....

" ဟရို.."

" ဘေဘီ .. မ ပြန်ရောက်ပြီ။ ဆေးရော သောက်ပြီးပြီလား။ ထမင်းရော စားပြီးပြီလား။
ဗိုက်အောင့်သေးလား။"

" ဟုတ်.."

" ဟော အိပ်ချင်မူးတူးအသံနဲ့.. အိပ်နော် အစက ပြန်အိပ်။"

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now