Unicode..
"ဘေဘီ.."
ဓာတ်မှန်ရိုက်ဖို့ အတွက် doctor က လိုအပ်တာတွေ မှာကြားနေတုန်း ခေါ်သံကြားလို့ လှည်ကြည့်လိုက်မိသည်။
မျက်စိရှေ့တွင် ရှိနေသည်မှာ သူ့ချစ်ရသူ..
အမြင်မှားတာလားဟူ၍ မျက်လုံးကို ပွတ်သပ်မိသည်။
စိတ်ပူနေသော မျက်ဝန်းတွေနှင့် ယဲ့ယဲ့လေး ပြုံးနေသည့် သူ(မ).." မ "
ပြေးပြီး ဖက်လိုက်မိသည်လား မသေချာ။ သတိဝင်လာတော့ မ ရင်ခွင်ထဲ မျက်နှာ အပ်ပြီး ငိုမိလျက်သား..
" ဗိုက်အရမ်းအောင့်နေလားဟင်.. လာ ဓာတ်မှန်ရိုက်ဖို့မလား မ ရောက်လာပြီပဲ ဘာမှ မဖြစ်ဘူးနော် ကလေးမ မငိုရဘူးလေ.."
မျက်နှာကို မော့ပြီး မျက်ရည်တို့ သုတ်ပေးနေသည်။ပြီးနောက် လက်ကို ဆွဲပြီး doctor ဆီသို့ ပြန်ခေါ်လာသည်။
မိုးရိပ်လောကကြီးကို မေ့သွားသည်။ doctor နဲ့ စကားပြောနေသည့် သူမကို ငေးရင်း ဗိုက်အောင့်တာသည်လည်း ဘယ်ဆီဘယ်ဝယ်သို့ ရောက်မှန်းမသိ..
ဓာတ်မှန်ရိုက်နေသည့် တစ်လျှောက်လုံးလည်း
စိတ်ပူနေသည့် မျက်ဝန်းတွေနှင့် ကြည့်နေရှာသေးသည်..' မက ချစ်ဖို့ကောင်းလိုက်တာ..'
ဒီစကားလုံးကိုပဲ မိုးရိပ်စိတ်ထဲ တရားစာရွတ်သလို အထပ်ထပ် ရွတ်နေမိသည်။
ဓာတ်မှန်ရိုက်ထားသည့် စာရွက်ကို ကိုင်ပြီး မိုးရိပ်လက်ကို ဆွဲကာ တော်ဝင့်ကားဆီ ခေါ်လာလိုက်သည်။
ကားပေါ်ရောက်တော့ ထိုင်ခုံခါးပတ်ပတ်ပေးသည်အထိ ကြည့်နေတုန်း.." မက စွမ်းအားရှင်လား.."
" ဟင် ဘာလို့လဲ ကလေးမရဲ့"
ကားစက်နှိုးမည်ကို ရပ်ပြီး လှည့်ကြည့်လိုက်သည်။
" လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ ဆိုင်မှာဆို အခုရောက်လာပြီ။ ပြီးတော့ ဗိုက်လည်း မအောင့်တော့ဘူး.."
တော်ဝင်ကိုယ်တိုင်လည်း ဘယ်လို ကားမောင်းလာသည်မသိပါ။ သာမန်နှစ်နာရီ မောင်းရတဲ့ ခရီးကို တစ်နာရီနှင့် မောင်းလာသည်။ စိတ်က စောနေတာနှင့် ဘာကိုမှ သတိမရတော့..။

YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
RomantizmEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။