Unicode..
ဇန်နဝါရီလ (၁)ရက် ၂၀၃၁ ဗုဒ္ဓဟူးနေ့၊
ပြာသိုလဆန်း(၉)ရက် ၁၃၉၂
သာသနာနှစ် ၂၅၇၄
နံနက် (၂)နာရီ အချိန်တွင်..မိုးရိပ်ဗိုက်ထဲ နာလာသည်ကြောင့်
ချွေးစေးတွေပင်ပြန်လာသည်။ဆေးရုံဖြစ်သည်ကြောင့် တော်ဝင်က
မိုးရိပ်နှင် တစ်ကုတင်တည်းမအိပ်။
ဘေးနားက ကပ်ရပ်ကုတင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။တော်ဝင်သည်လည်း ဒီရက်တွေအတွင်း ပင်ပန်းနေလေပြီ။ရုတ်တရက် ကုန်းထလိုက်တော့ ဆီးအိမ်နေရာက တင်းခနဲ။
ခါးတွေပါ နာလာသည်ကြောင့် ကုတင်ဘေးကို တရွေ့ရွေ့ ထိုင်ရက်သွားရသည်။
အရေးပေါ်ဘဲလ်တီးလိုက်သည်ကြောင့်
အသံတွေ ဆူညံသွားပြီး ဆရာဝန်တွေ နာစ်တွေ ဝင်လာသည်။
တော်ဝင်ကလည်း နိုးလာပြီ ဖြစ်သော
ကြောင့် မိုးရိပ်အနားကို သွားပြီး လက်ကလေးကို ဆုပ်ကိုင်ထားပေးသည်။မိုးရိပ်ကို စမ်းသပ်စစ်ဆေးပြီး ခွဲမွေးဖို့ ပြင်ဆင်ရသည်။
ကလေးက အမွှာလည်းဖြစ်၊ရိုးရိုးရထားတာလည်း မဟုတ်သည်ကြောင့် ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။တော်ဝင်က အပြင်ထွက်ဖို့ကို ငြင်းသည်ကြောင့် စိတ်အေးအေးထားရန် ဆရာဝန်တွေက ဖြောင်းဖျပြီး ခွဲစိတ်ခန်း ဝတ်စုံတွေဝတ်ပေးသည်။
တော်ဝင်က မိုးရိပ် လက်ကလေးကို ဆုပ်ကိုင်ထားပြီး မျက်ရည်တွေ ကျလာသည်။
" အင်း..."
မိုးရိပ် နာကျင်သဖြင့် ညီးညူးသံတွေသည်
တော်ဝင်၏ နှလုံးအိမ်ကို ဖြစ်ညှစ်ထားသလိုပင်။ဆရာဝန်တွေ၏ ထုံဆေးကြောင့် ညည်းညူးသံတွေ တိတ်သွားသော်လည်း သတိကတော့ မလွတ်သွားပေ။
ရှိုက်သံတွေ မထွက်လာသော်လည်း မျက်ရည်တွေက ကျနေသည်။
မျက်ရည်တွေကို သုတ်ပေးပြီး" အားတင်းထားနော် ကလေးလေး။ခဏလေးဆို ပြီးတော့မှာ .. ကလေးရာ "
တော်ဝင်မှာ ပြောရင်း မျက်ရည်တွေ ကျလာပြန်သည်။ချစ်သူနာကျင်နေတာကို ကြည့်ပြီး တော်ဝင်ပါ နာကျင်နေသလိုပင်။
ထုံဆေးပေးထားတာကို မေ့ပြီး တော်ဝင်မှာ စိတ်ပူနေသည်။

YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
Любовные романыEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။