U.
Intro~
မောမောပန်းပန်းနဲ့ပဲ ဧည့်ခန်းက ဆိုဖာပေါ်ပစ်ထိုင်ချမိတယ်။ မီးဖွင့်လိုက်ဖို့ သတိရပေမဲ့ ထဖွင့်ချင်စိတ်မရှိဘူး။ မှောင်မှောင်မည်းမည်းထဲ ခြေပစ်လက်ပစ်ထိုင်ချရင်း ဒီနေ့လည်းတစ်ယောက်တည်းပါပဲ ဆိုတဲ့အသိကိုအထပ်ထပ်မွေးနေရတာပိုပင်ပန်းရပါတယ်။
"ထိုင်နေလို့မဖြစ်တော့ဘူးပဲ"
ကိုယ့်ကိုယ်ကိုယ် အသိပေးတဲ့စကားဖြစ်ပြီး ညစာအတွက်လှုပ်ရှားဖို့ ထထိုင်လိုက်ရတော့တယ်။ အခန်းမီးတွေလိုက်ဖွင့်တယ်။ ရုံးအဝတ်အစားကိုလဲလှယ်ပြီးတာနဲ့ သူ့ခန္ဓာကိုယ်က ထမင်းစားခန်းနဲ့တစ်ဆက်တည်းရှိနေတဲ့မီးဖိုခန်းမှာ ဟိုဟိုဒီဒီပြေးလွှားနေရပြီ။
လူလတ်ပိုင်းအရွယ်ရောက်နေတဲ့သူတွေအဖို့ ကိုယ်ရေးကိုယ်တာပြဿနာတွေကိုဖြေရှင်းဖို့ တကယ်ပဲအချိန်မရှိကြတော့တာလားမသိပါ။ သူကိုယ်တိုင်ကတော့ ဖြေရှင်းဖို့ကြိုးစားခဲ့တာတောင် ပြေလည်ဖို့နေနေသာသာ ပိဿာလေးကြီးနဲ့ဆွဲချခံထားရသလို စိတ်အခြေအနေနဲ့အတူ 'ဘာလို့လဲ' ဆိုတဲ့ မေးခွန်းတွေသာ ကျန်ရစ်ခဲ့ရတာ။
တံခါးခေါက်သံကြောင့် ချက်ဆဲပြုတ်ဆဲ ရှောင်းကျန့်အမူအရာလေးတွေခဏရပ်တန့်သွားရတယ်။ ဖြည်းဖြည်းလေးလေး တစ်ချက်ချင်းစီခေါက်တဲ့တံခါးခေါက်ပုံနဲ့တင် တံခါးအပြင်ဘက်ကလူဟာ ဘယ်သူမှန်းခွဲခြားသိမြင်နိုင်နေပြီ။
လုပ်လက်စတွေကိုချက်ချင်းရပ်ပစ်ပြီး ရှောင်းကျန့်တံခါးပြေးဖွင့်တယ်။ သူဒီကလေးကိုမတွေ့ရတာ၂ပတ်ကျော်ပြီ။ မဟုတ်သေးဘူး အဲ့ဒီကလေးအိမ်ပြန်မလာတာ၂ပတ်ကျော်ပြီ။ ရှောင်းကျန့်ကိုမျက်နှာမြင်ခွင့်မပေးတာ ၂ပတ်ကျော်ပြီ။
တံခါးအပြင်ဘက်ကအရိပ်ကလေးက ခေါင်းငိုက်စိုက်နဲ့ရပ်နေတယ်။ အဲ့ဒီငိုက်စိုက်နဲ့ပဲဝင်လာပြီးဖိနပ်ငုံ့ချွတ်တယ်။ ဖိနပ်စင်ပေါ်ကိုဖိနပ်သေသေချာချာတင်လိုက်ပြီးမှ သူ့အခန်းထဲကိုဝင်သွားတယ်။ 'ယူစရာပစ္စည်းရှိလို့' ဆိုတဲ့ စကားစုကို ခပ်တိုတိုးချန်ခဲ့ရင်း။
'ဒါမင်းရဲ့အိမ်၊ အကြောင်းပြချက်တစ်ခုခုရှိမှဝင်လာစရာမလိုဘူး၊ အချိန်မရွေးမင်းဝင်ထွက်နိုင်တဲ့မင်းရဲ့အိမ်'
YOU ARE READING
မေတ္တာ / ေမတၱာ