U.
အပိုင်း ၁၃
"စန်းစန်း ဒါကိုယ်တို့အိမ်နီးချင်းတွေနော်၊ ကိုယ်အလုပ်သွားရင် သားလေးရိပေါ်ကဒီမှာပဲနေလိုက်စားလိုက်လုပ်နေတာ ေဆွလိုမျိုးလိုတောင်ဖြစ်နေပြီ၊ ခင်ခင်မင်မင်နေနော်"
"အကူအညီတောင်းပါတယ်အစ်မ..."
"တစ်ခုခုလိုရင်အချိန်မရွေးဝင်ထွက်နိုင်ပါတယ်ညီမ"
တီလေးက သဘောရိုးနဲ့ပြောလိုက်ပေမဲ့ ဘယ်လိုတွေးသွားလဲမသိတဲ့ တစ်ဖက်မိန်းကလေးအပြုံးက ပိုပြီးစူးလက်လာတယ်။ ရှောင်းကျန့်တို့အိမ်ကို လာလည်ပြီးထိုင်စကားပြောသွားတဲ့တောက်လျှောက် ဦးလေးဝမ်လက်မောင်းကိုတွယ်ချိတ်ထားတဲ့လက်တို့အား မလွှတ်ခဲ့သလို တီလေးကလည်း တစ်ဖက်လူမသိသေးသည့်အိမ်ထောင်သည်မိန်းမတစ်ယောက်၏ သိက္ခာအိန္ဒြေမပျက်ယွင်းခဲ့။
တီလေးနှင့်ဆက်မှ တော်ရတဲ့တီလေးအမျိုးသား ရှောင်းကျန့်ဦးလေးက ဒီနှစ်ကုန်ရင်ပြန်လာတော့မှာမို့တီလေးကဒီရက်ပိုင်းတပြုံးပြုံးနဲ့ပျော်နေတာဥစ္စာ။"ရှောင်းကျန့်ရေ...အဲ...ဧည့်သည်ရောက်နေတာလား"
"လိဟွာလား သမီးလာလေ ဦးလေးကဧည့်သည်လား ပြော!"
"ဒါဆိုဝင်လာပြီနော် ဦးလေးဝမ်"
အလိုက်ကန်းဆိုးလေးသိပ်မသိပေမဲ့ လူကြီးချစ်အောင်နေတတ်တဲ့ကောင်မလေးဆိုတော့လည်း အနေအေးတဲ့ဦးလေးဝမ်တောင် လိဟွာကိုတော့တော်တော်လေးချစ်ခင်တယ်။
"ယဥ်ကျေးချင်ယောင်ဆောင်နေတယ်"
ရှောင်းကျန့်မကြားတကြားပြောတော့လိဟွာမျက်စောင်းကဗို့အား ပြင်းပြင်း နဲ့သူ့ပေါ်ကျရောက်လာတယ်။
"ရိပေါ်ခေါ်ခိုင်းလိုက်လို့၊ ဒီနေ့ကနင်ကြိုက်တဲ့ကားရွေးကြည့်ရမဲ့နေ့နော် နင် မလာရင်သူရွေးလိုက်တော့မှာတဲ့"
"အဲ့လိုရမလား၊ ငါရွေးမှာ ငါရွေးမှာ တီလေး ကျွန်တော်..."
"ကဲ ကြွ! အချိန်နဲ့သွားပြီးအချိန်နဲ့ပြန်လာမယ်နော် အကြီးရောအငယ်ရော"
"ဟုတ်!!!!"
ရှောင်းကျန့်အပြင်ပြေးထွက်ချင်နေပေမဲ့ယန်လိဟွာတို့က မပြီး
YOU ARE READING
မေတ္တာ / ေမတၱာ