15.

505 98 7
                                    

U.

အပိုင်း ၁၅

ရှောင်းကျန့်တို့ နှစ်ဝက်စာမေးပွဲကြီးကို အားခဲကျော်ဖြတ်နေရချိန် ရိပေါ်တို့အိမ်ဘက်မှာလည်း မိသားစုဝင်အသစ်တွေဝင်ရောက်လာခဲ့ပြီ။ ဦးလေးဝမ်ရဲ့ဇနီးအသစ်နဲ့အတူ တက္ကသိုလ်ကျောင်းသူအရွယ် သမီးတစ်ယောက်ပါလာခဲ့တယ်။ အရပ်စကားပြောရရင် မယားပါသမီး...။

"မေနျန်လို့ခေါ်ပါတယ်အန်တီ"

အိမ်ကိုလာလည်နှုတ်ဆက်ကြတော့ ရှောင်းကျန့်စာတွေနဲ့နပန်းလုံးနေရချိန် ကြားလိုက်ရတဲ့စကားသံ။ လူတော့မမြင်ဖူးလိုက်ဘူး အခန်းထဲစာကြည့်နေရင်း ရေခဲသေတ္တာထဲကရေပုလင်းထွက်ယူတဲ့အချိန် ကြားလိုက်ရတာမို့။ တက္ကသိုလ်ပထမနှစ်ဆိုတော့ သိပ်တော့အသက်မကြီးသေးဘူးပေါ့။ အနောက်ကကြားရတဲ့​ခြေသံကြောင့် လှည့်ကြည့်တော့ ထမင်းစားပွဲပေါ်အထုပ်တစ်ချို့လှမ်းတင်နေတဲ့ဝမ်ရိပေါ်။ ဦးလေးဝမ်တို့နဲ့အတူတူပါလာတာထင်တယ်။

"ကော...စာလုပ်တုန်းလား"

"အင်း ပုံသေနည်းတွေ နည်းနည်းထပ်ကြည့်ဖို့လိုသေးတယ်"

"ကောမျက်လုံးတွေရဲနေပြီ"

"ကောမျက်နှာသစ်ပြီးမှဆက်လုပ်မယ်၊ ဒါနဲ့ ဒါကဘာတွေလဲ"

ရိပေါ်စားပွဲပေါ်ချထားတဲ့အထုပ်တွေကိုရည်ရွယ်ခြင်း။

"အာ...အိမ်ကအားရီဟင်းချက်ပြီး ယူလာပေးတာ"

"ဘာကြီး...အိမ်ကအားရီ?"

ရိပေါ်က ဖင်ကုတ်ခေါင်းကုတ်နဲ့

"ဘယ်လိုခေါ်ရမှန်းမှမသိတာ၊ အမေလို့လည်းမခေါ်ချင်တော့"

"ညစာစားပြီးပြီပေါ့"

"ပြီးပြီ၊ ပါးတို့နဲ့အတူတူ..."

"အာ..."

ရှောင်းကျန့်​က သူပြောတာကိုအရှေ့ကလူကြီးတွေကြားသွားမှာစိုးတာနဲ့ ခါးကိုကိုင်းလိုက်ပြီး ရိပေါ်နားရွက်နားကိုတိုးကပ်ကာ အတတ်နိုင်ဆုံးအသံကိုနှိမ့်ပြီးပြောလိုက်တယ်။

"ဒါဆို အဲ့ဒီအားရီလက်ရာနဲ့ ငါ့တီလေးလက်ရာ ဘယ်ဟာပိုစားကောင်းလဲ"

မေတ္တာ / ေမတၱာ Where stories live. Discover now