U.
အပိုင်း ၅
ရှောင်းကျန့်က ရိပေါ်ကိုကစားဝိုင်းကနေသွားခေါ်ရင်း တခါတလေတော့ ရိပေါ်ကစားနေတာကိုခဏရပ်ကြည့်နေတတ်တယ်။ အဲ့ဒီကောင်လေးက ဖန်ဂေါ်လီပစ်တဲ့နေရာမှာတော့ဆရာတစ်ဆူ။ လက်ဖြောင့်တယ်ပဲပြောရမလား။
တန်းစီထားတဲ့ဖန်ဂေါ်လီတွေရဲ့အစွန်းနှစ်ဖက်ကဂေါ်လီတွေကိုခေါင်(ေဂါင်) လို့ခေါ်တယ်။ အဲ့ဒီဂေါင်တေွကိုထိအောင်ပစ်နိုင်တဲ့သူက တန်းစီထားတဲ့ဂေါ်လီတွေအကုန်သိမ်းခွင့်ရှိတယ်။ တစ်ဝက်ပဲထိအောင်ပစ်နိုင်တဲ့လူကတစ်ဝက်ပဲသိမ်းပေါ့။ ရိပေါ်ကချည်းပွဲတိုင်းလိုလိုအကုန်သိမ်းတယ်။ သူချည်းပစ်မလွဲဖြစ်နေတော့ ကစားဖော်တွေကမျက်နှာညိုပြီ။ အဲ့ဒီအချိန်ကျရင်တော့ ရန်ဖြစ်မှာစိုးတဲ့ရှောင်းကျန့်ကပဲ ဝမ်ရိပေါ်နာမည်ကိုခေါ်ပြီးလူစုခွဲရတယ်။
"မင်း ထိပ်ဆုံးတွေချည်းပဲထိအောင်ဘယ်လိုပစ်လဲ"
"ဒီတိုင်းပဲ ပစ်လိုက်တာ"
ဒီအရွယ်လေးနဲ့ဆရာစားချန်တတ်နေပြီ။
ဘောလုံးကန်၊ ရပ်ကွက်ပတ်ပြေးပြီးစိန်ပြေးတမ်းကစား၊ ဂေါ်လီရိုက်...ကစားနည်းအစုံကိုရှောင်းကျန့်က ဆော့ကစားခွင့်ပြုခဲ့ပေမယ့် ငှက်ပစ်၊ငါးဖမ်း အလုပ်တွေကိုတော့ပြင်းပြင်းထန်ထန်တားမြစ်ရတော့တယ်။ ဒါက ကစားနည်းမှမဟုတ်တာ၊ ကစားနည်းလို့လည်းမသတ်မှတ်ပါဘူး။
"သူ့ဟာသူရေထဲမှာရှိနေတဲ့ငါးလေးတွေက ဖမ်းခံရရင်သေကုန်မှာပေါ့ မသနားဘူးလား"
"မနေ့က တီလေးကြော်ကျွေးတဲ့ငါးကြော်စားနေတုန်းကကျ ပျော်နေပြီးတော့"
"အယ်"
ကလေးလေးက သူ့ကိုလာကြောတော့ရှောင်းကျန့်ရဲ့ငါအကိုကြီးဆိုတဲ့ မာနလေးက တစ်ထောင်ထောင်နဲ့။
"မင်းလက်နဲ့သတ္တဝါတွေကိုဒုက္ခပေးတဲ့ဆော့နည်းမျိုးမဆော့ရဘူး ပြီးတော့အဲ့ငါးတွေက စားလို့ရတဲ့အမျိုးအစားတွေမဟုတ်ဘူး ဆော့ချင်ရုံနဲ့သွားနှိပ်စက်နေရင်ငရဲကြီးတတ်တယ်သိလား"
ဒီလိုကျ ဝမ်ရိပေါ်က ရှောင်းကျန့်ဩဇာသီးကျွေးသမျှကိုပြန်မပက်တော့ဘဲငြိမ်ငြိမ်နားထောင်တယ်။ နားထောင်ရုံမဟုတ်ဘဲ တကယ်လည်းနာခံတယ်။ သိပ်ငယ်သေးတဲ့ကလေးမို့၊အများကြီးမတွေးနိုင်သေးတဲ့အရွယ်လေးမို့ ရှောင်းကျန့်ကမလုပ်နဲ့လို့တားမြစ်ရင် ရပ်တန့်ပစ်လိုက်တော့တာပဲ။
YOU ARE READING
မေတ္တာ / ေမတၱာ