U.
အပိုင်း ၂
ရှောင်းကျန့်ကျောင်းဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးကျောင်းသွားဖို့အဆင်သင့်။
"တီလေး သားကျောင်းသွားပြီ"
"မဟုတ်တာတွေဝယ်မစားနဲ့နော်"
"ဟုတ်ကဲ့"
"ကျန့်ကျန့်နေဦး"
အပ်ချုပ်စက်အနားကနေ တီလေး ထလာတယ်။ ဟုတ်တယ် တီလေးကစက်ချုပ်တတ်တယ်။ ယောကျ်ားလုပ်စာအသာလေးထိုင်စားလို့ရနေပေမယ့် တစ်ဖက်တစ်လမ်းကအပိုငွေရှာပြီး စုတန်သည်စု အေးအေးချမ်းချမ်းနေတယ်။
"အင်္ကျီတွေသေးပြီး ဘောင်းဘီတွေတောင်တိုသွားသလိုပဲ ကျန့်ကျန့်ထွားလာတယ်"
ရှောင်းကျန့်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး
"နောက်ရက် ကျောင်းဝတ်စုံအသစ်တွေ ဝယ်လည်းဝယ်ပေးမယ် ချုပ်လည်းချုပ်မယ် သွားတော့သွား ကျောင်း နောက်ကျနေမယ်"
ရှောင်းကျန့် အိမ်ရှေ့ကလမ်းသွယ်ထဲခြေချမိတော့ ဝမ်ရိပေါ်လေးဖြတ်သွားတာနဲ့ကြုံတယ်။ ဒီနေ့တော့ ဝမ်ရိပေါ်က အသစ်ဖြစ်ဟန်တူတဲ့ကေျာင်းဝတ်စုံဖြူဖြူနဲ့ သန့်ပြန့်နေကာ ဆီပြောင်နေအောင်လိမ်းထားတဲ့ဆံပင်ကို ခွဲကြောင်းပေါ်အောင်ဘေးခွဲထားတဲ့ပုံစံက ရယ်ချင်စရာ ချစ်စရာ။ ရှောင်းကျန့်ကိုမြင်တော့ခပ်ချီချီလေးလက်ပြသွားပြီးသူ့အဖေလို့ထင်ရတဲ့ဦးလေးကြီးရဲ့စက်ဘီးနောက်မှာပါသွားတော့တယ်။ ပြုတ်မကျအောင်သေချာကိုင်ထားဖို့ ရှောင်းကျန့် အော်ဟစ်ပြီး သတိလှမ်းပေးချင်လိုက်တာ။
ရှောင်းကျန့်တို့ရပ်ကွက်လမ်းသွယ်ကလေးကနေ လမ်းမကြီးဆီကိုလျှောက်၊ လမ်းမကြီးကနေ ဆယ်မိနစ်လောက်လမ်းလျှောက်ရင်ကျောင်းကြီးကိုရောက်ပါပြီ။ ရှောင်းကျန့်တို့ရပ်ကွက်ထဲကကျောင်းလေးက မူလတန်းအထိပဲရှိတာ။ ကျောင်းကြီးကတော့ မူလတန်းကစပြီးအထက်တန်းအထိရှိတယ်။ အဲ့ဒါကြောင့် ကျောင်းကြီးလိုပဲခေါ်ကြတာ။ ကျောင်းကြီးမှာပဲမူလတန်းကစတက်ကြတဲ့သူတွေရှိသလို ရပ်ကွက်ကျောင်းလေးကနေမူလတန်းအောင်မှ ကျောင်းကြီးမှာအလယ်တန်းကစတက်ကြတဲ့သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 'စာသင်ကျောင်း' ဆိုတဲ့နေရာတိုင်းက စာလုပ်ရတာပါပဲ။
![](https://img.wattpad.com/cover/341944182-288-k224361.jpg)
YOU ARE READING
မေတ္တာ / ေမတၱာ