7.

564 103 7
                                    

U.

အပိုင်း ၇

ရှော​င်းကျန့် ၁၇နှစ်၊ ရိပေါ် ၁၁နှစ်။

ဒီနှစ် ရှောင်းကျန့်တို့တန်းခွဲဘီ(B)ကို ကျောင်းသူအသစ်ကလေးတစ်​ယောက်ပြောင်းလာခဲ့ပါတယ်။ ယန်လိဟွာဟာ ရွယ်တူမိန်းကလေးတွေကြားထဲအတော်လေးထင်းနေခဲ့တာမို့ တစ်ပတ်အတွင်းနာမည်ကြီးသွားသူ။ ကျောင်းရဲ့အလှဆုံးပန်းလေးတွေထဲကတစ်ပွင့်ဟာ ရှောင်းကျန့်ကိုတော့အရေးတယူရှိတယ်။

သူငယ်ချင်းမိတ်ဆွေဖွဲ့ချင်နေတဲ့ယောကျ်ားလေးအတန်းဖော်တွေအမြောက်အများရှိပေမယ့် လိဟွာကတော့ ခပ်အေးအေးခပ်ကုပ်ကုပ်ကလေးနဲ့စာကောင်းကောင်းလုပ်တဲ့ရှောင်းကျန့်ကိုပဲ သူငယ်ချင်းလုပ်ဖို့ရွေးချယ်ခဲ့တယ်။

"နင်က...ရှောင်းကျန့်နော်"

အားလပ်ချိန်မှာတော့ အဲ့ဒီပန်းကလေးကရှောင်းကျန့်ထိုင်ခုံအနားရောက်လာခဲ့တယ်။

"အင်း အတန်းဖော်လိဟွာ ဘာဖြစ်လို့လဲ"

"နင်ငါ့နာမည်ကိုသိတယ်ပေါ့"

"နင့်ကို သိပါတယ်"

အပြုံးတစ်ပွင့်နဲ့ကောင်လေးက သူမကိုမျက်ခုံးလေးတစ်ဖက်ချစ်စရာကောင်းအောင်ပင့်ပြလာတယ်။ အဓိပ္ပါယ်ကရှင်းရှင်း​လေး 'ဘာပြောစရာရှိလို့လဲ' တဲ့။

"ငါက ဒီနှစ်မှာဒီကျောင်းကိုပြောင်းလာရတာလေ နောက်ပိုင်းငါမသိတာရှိရင်နင့်ဆီလာမေးလို့ရလား နင်ကစာတော်မယ့်ပုံပဲ"

ဒါကိုတော့ရှောင်းကျန့်တို့လက်ခါရပြီ။

"ငါ့အဆင့်တွေက သာမန်ပါပဲ"

ရှောင်းကျန့်က စာညံ့လွန်းနေတာမဟုတ်ပေမယ့် စာတော်လွန်းနေတာမဟုတ်တာလည်းအမှန်ပဲ။ သူ့အဆင့်တွေကမနိမ့်လွန်းမမြင့်လွန်းတဲ့အနေအထားမှာပဲရှိတာ။

"နင်ကစာလုပ်ပါတယ် အဲ့ဒါ...ငါမေးစရာလေးရှိလို့"

"ငါသိသလောက်တော့ဖြေပေးမယ်နော် နင်အထင်ကြီးနေသလို ငါကဘာမှသိပ်သိတာမဟုတ်ဘူး တကယ်ပြောတာ"

"စာမေးမှာမဟုတ်ပါဘူးဟ ဒီမှာ အသင်အပြကောင်းတဲ့ကျူရှင်ဝိုင်းဖြစ်ဖြစ် စာကျက်ဝိုင်းဖြစ်ဖြစ် နင်သိလားဟင်"

မေတ္တာ / ေမတၱာ Where stories live. Discover now