U.
အပိုင်း ၁၉
"ကော အလုပ်တွေရှုပ်နေတာလား"
"ဟုတ်တယ်ကလေးရာ finalနှစ်က မလွယ်ပါဘူး စာတမ်းအတွက်ပါအချိန်ဖယ်နေရတော့ အသက်ရှူပေါက်မနည်းရှာနေရတယ်"
"မနက်ကတီလေးဖုန်းဆက်တော့အဆင်ပြေပါတယ်ဆို လူကြီးကို ညာလိုက်တာပေါ့လေ"
"လူကြီးမို့လို့ညာရတာပေါ့ သက်သက်စိတ်ပူအောင်မညည်းပြချင်ဘူး မင်းလိုငယ်တဲ့သူကနည်းနည်းပါးပါးနားပူခံရတာကို ငြိုငြင်တာလား"
"ဟော်... ပြောမိလို့လား ကျွန်တော်ငြိုငြင်ပြီလို့"
ကျိုးချန်တို့နဲ့ group chatထဲမှာလည်း ရှောင်းကျန့်ကသူ့ပြဿနာတွေကိုသိပ်ပြောတတ်တာမဟုတ်ဘူး။ ဒါကိုလည်းရိပေါ်အသိ။ ရှောင်းကျန့်ရဲ့ကောင်းကောင်းဆိုးဆိုးတောင်တောင်အီအီညီးညူသံမှန်သမျှ ရိပေါ်နားစည်ထဲကိုသာ သစ္စာရှိရှိရိုက်ခတ်တယ်။ ရှောင်းကျန့်အဆောင်မှာဟင်းမကောင်းတာကအစ ပါမောက္ခအငေါက်ခံရတဲ့ကိစ္စအဆုံး သိသိမသိသိရိပေါ်က ငြိမ်ငြိမ်လေးနားထောင်ပေးလေ့ရှိတယ်။ အသက်၆နှစ်ကြီးမိတာနဲ့ ဒီလိုသေးသေးမွှားမွှားကိစ္စတွေ ညည်းညူခွင့်မရှိဘူးဆိုတဲ့ဥပဒေမှမရှိတာ။ မညီးမညူနားထောင်သူ ၆နှစ်ငယ်တဲ့ကလေးလေးရှိနေမှတော့ ရှောင်းကျန့်တို့ကမြည်တွန်တိုင်တန်းနေဦးမှာပဲ။ ကောင်းတဲ့ကိစ္စမှန်သမျှလည်းလေလှိုင်းကနေ ရိပေါ်ဆီ မျှဝေပေးနေဦးမှာပဲ။
"ကောအလုပ်ရှုပ်နေရင် ဖုန်းချလိုက်တော့မယ်လေ ကျွန်တော်ဘယ်ရက်လာကြိုရမလဲ"
"အဲ့ဒါလေ ရိပေါ်..."
"ပြောလေကော"
သူပြန်လာခါနီးတိုင်း ယခင်ကထက်တက်ကြွနေတဲ့အသံလေးကြောင့် ရှောင်းကျန့်ပြောချင်တဲ့စကားတွေကိုခဏထိန်းချုပ်လိုက်မိတယ်။
"ဘာမှမဟုတ်တော့ဘူး ဖုန်းချပြီးစောစောအိပ် ဂိမ်းကိုက်မနေနဲ့"
"ဂိမ်းဖျက်ထားပါတယ်ဆိုဗျာ မယုံဘူးလားခုထိ၊ ရတယ်အိမ်ပြန်လာရင်ကြည့်လိုက်"
"ကြည့်ရသေးတာပေါ့"
"မယုံသင်္ကာနဲ့!"
စိတ်ဆိုးချင်ယောင်ဆောင်ပြီး ဖုန်းချသွားတဲ့ရိပေါ်ကို စာမေးပွဲပြီးတာနဲ့ အပန်းဖြေကြတဲ့အနေနဲ့သွားကြမဲ့ ရှောင်းကျန့်တို့မေဂျာရဲ့ ခရီးတိုလေးအကြောင်း တမင်မပြောခဲ့ဘူး။ အဲ့ဒီကလေးရဲ့မှိန်ဖျော့သွားမဲ့အသံကိုရှောင်းကျန့်မကြားချင်သေးရုံပါ။
YOU ARE READING
မေတ္တာ / ေမတၱာ