U.
အပိုင်း ၄
"ဝမ်ရိပေါ်လေးအတွက်ပါ နေ့လယ်စာ ထမင်းရောဟင်းရော ပိုထည့်သွား"
ရိပေါ်ရဲ့ မားမားကို သတင်းသွားမေးပြီးနောက်ရက်တွေမှာပဲ ရိပေါ်ရဲ့စားရေးသောက်ရေးကိစ္စကို တီလေးကပါတာဝန်ယူလာပေးခဲ့တယ်။
"ခေါင်းက ဘယ်လိုဖြစ်လို့ဒီလောက်တောင်ရှုပ်ပွနေတာလဲ"
"လုပ်တတ်သလိုလုပ်လာတာ"
"ဘယ်လို"
"ကိုယ့်ဘာသာရေချိုးလာတာ"
ရေချိုးတာချည်းပဲတော့မဟုတ်လောက်ပါဘူး။ တွန့်ကြေနေတဲ့ကျောင်းဝတ်စုံက ကြယ်သီးပေါက်ကလေးတွေလွဲနေသေးတယ်။ ဆံပင်ပွယောင်းယောင်းနဲ့ရိပေါ်ပုံစံက တကယ်ကိုမသပ်မရပ်ကလေး။
"ကော ပြန်လုပ်ပေးမယ်"
ဘာလို့လဲ ဆိုတဲ့မေးခွန်းမျိုး ရှောင်းကျန့်ထပ်မမေးတော့ပါဘူး။ 'မားမားနေမကောင်းဘူး' ဆိုတဲ့ ရိပေါ်ရဲ့ ဖြေသံကို နားထောင်ဖို့ မသိစိတ်က ငြင်းဆန်ခဲ့ပါတယ်။
ကြယ်သီးသေသေချာချာတပ်ပြီးတဲ့ကျောင်းဝတ်စုံလေးနဲ့ရိပေါ်ကို ရှောင်းကျန့်ကဆီရွှဲရွဲလေးထည့်ပြီးခေါင်းသေချာဖြီးပေးလိုက်တယ်။ အခုမှနည်းနည်းလေးသပ်ရပ်သွားသလိုပဲ။
"ကျောင်းသွားစို့"
...................။....................
"ဟိုဘက်အိမ်အတွက် ညစာ"
ညနေဘက်တွေလည်း တစ်ဖက်ခြံဘက်ကို ကူးသွားတတ်တဲ့တီလေးက ရိပေါ်မိခင်နဲ့ မိန်းကလေးချင်း စကားတော်တော်များများပြောခဲ့ပုံပါ။ အားရီရဲ့ဘယ်လိုမှမကောင်းနိုင်တော့တဲ့အခြေအနေကို ကလေးဖြစ်တဲ့ရှောင်းကျန့်နဲ့ရိပေါ်က သဘောမပေါက်ခဲ့ပေမဲ့ တီလေးကတော့သိခဲ့မှာပေါ့။
ရွံတတ်လားမေးတော့ ခေါင်းခါပြကာ ရှောင်းကျန့်နဲ့အတူတူ ဇွန်းတစ်ချောင်းတည်းသုံးပြီးထမင်းစားတတ်တဲ့ကလေးတစ်ယောက်။
အင်္ကျီကြေကြေလေးတွေကိုရှောင်းကျန့်မေးခွန်းထုတ်တိုင်း သူ့အဝတ်သူလျှော်တတ်ပြီးဖြစ်ကြောင်း၊ တစ်ယောက်တည်း ကျောင်းလွယ်အိတ်ပြင်တတ်ပြီဖြစ်ကြောင်း ခပ်ကြွားကြွားကလေးပြောတတ်တဲ့ကလေးတစ်ယောက်။
ကလေးတစ်ယောက်ရသင့်တဲ့အခွင့်အရေးနဲ့ ရင်အုပ်မကွာဂရုစိုက်မှုကို ထိုက်သလောက်မရရှိခဲ့တဲ့ကလေးတစ်ယောက်။
'ေသတယ်' ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကိုတောင်ပြည့်ပြည့်ဝဝနားမလည်နိုင်သေးတဲ့အရွယ်ကလေးမှာတင် ရိပေါ်က မိတဆိုးလေးဖြစ်ခဲ့ရပြီ။
YOU ARE READING
မေတ္တာ / ေမတၱာ