8.

588 106 5
                                    

U.

အပိုင်း ၈

"ကော...ကျန့်ကော"

"အင်"

"ထပါဦး ဆေးသောက်ရမယ်"

ရှောင်းကျန့်ကျောင်းမသွားနိုင်ဘူး။ တစ်ကိုယ်လုံးကိုက်ခဲပြီးဖျားချင်နေတာ။ တစ်ခါမှလက်သီးသုံးပြီးရန်ဖြစ်ဖူးတာမဟုတ်ဘူး။ အခုလည်းမသုံးလိုက်ရပါဘူး တစ်ဖက်ကချည်းသူ့ကိုဆော်သွားတာ။

မျက်လုံးဖွင့်ကြည့်လိုက်တော့ရိပေါ်က ကျောင်းဝတ်စုံလေးနဲ့။ ကျောင်းသွားဖို့တီလေးရော ဦးလေးဝမ်ရောမနည်းတွန်းလွှတ်လိုက်ရတာ။ လူနာစောင့်သိပ်လုပ်ချင်နေတဲ့ဂျစ်တူးပဲ။

"ဟိုဝင်ဒီဝင် လျှောက်မဝင်နဲ့နော်ရိပေါ်၊ အိမ်ကိုတန်းပြန်လာခဲ့"

ခေါင်းတန်းငြိမ့်ကာ သူ့ကိုမကျေမနပ်မော့ကြည့်တယ်။ ရှောင်းကျန့်အဖြစ်က အသားလည်းနာခဲ့ရသေးတယ် ရိပေါ်ရဲ့မသိမသာစိတ်ဆိုးတာကိုလည်းခံနေရသေးတယ်။ ဒါတောင်ရှောင်းကျန့်နေမကောင်းဖြစ်နေလို့အပြည့်အဝစိတ်မဆိုးတာ။ ဘာကိုစိတ်ဆိုးမှန်းတော့ရှောင်းကျန့်သိမနေဘူး။

"အိုက်ယား တစ်ကိုယ်လုံးမနာတဲ့နေရာမရှိဘူး"

ရှောင်းကျန့်ပိုပိုသာသာလေးညည်းညူပြလိုက်တော့ရိပေါ်မျက်နှာကြောက လုံးဝလျှော့သွားတယ်။

"ဆရာဝန်ခေါ်ပေးမယ်ဆိုတောလည်း ကျန့်ကောပဲဂျီကျနေပြီး"

"မခေါ်နဲ့"

"ကြည့်ပါလား ကျန့်ကော ကလေးလည်းမဟုတ်ဘဲနဲ့ ဆေးထိုးရမှာကြောက်နေတယ်"

"မင်းကျောင်းမသွားသေးဘူးလား"

ရှောင်းကျန့်ကုတင်ဘေးမှာပေကပ်ရပ်နေတဲ့ရိပေါ်မျက်နှာက စူပွပွ။ တိုးစိတိုးစိလည်းပြောနေသေးတာ 'မသွားချင်ပါဘူးဆိုနေမှ' တဲ့။

"မင်း ကောဘေးနားမှာလာနေလည်း ကောနာနေတာတွေကပေ​ျာက်သွားနိုင်တာမှမဟုတ်တာ ခေါင်းမမာနဲ့"

အပြင်ဘက်ကနေ ဦးလေးဝမ်ရဲ့ 'ရိပေါ်ရေ..' ခေါ်သံကိုကြားလိုက်တယ်။

"ဦးလေးလိုက်ပို့ပေးမှာမလား"

ခေါင်းငြိမ့်တယ်။ စိတ်က ကျိတ်ကောက်တတ်သေးတာ။ အဲ့အမူအကျင့်ကလည်းရှောင်းကျန့်တစ်ယောက်တည်းအပေါ်ကိုပဲ။

မေတ္တာ / ေမတၱာ Where stories live. Discover now