U.
အပိုင်း ၉
"ကော...ဘာဖြစ်လို့လဲ"
"လောင်ရှီးက ကျောင်းစုံညီပွဲလက်မှတ်ဖိုးတွေ ကောကိုကောက်ခိုင်းထားလို့ ကောက်ပေးထားတာ အဲ့ဒါ...အဲ့ဒါပေျာက်နေတယ်ရိပေါ်"
စာကြည့်စားပွဲပေါ်စာအုပ်တွေအကုန်ပြန့်ကျဲပြီးလွယ်အိတ်ထဲပါခေါင်းစိုက်မတက်ရှာဖွေရေးဆင်းနေတဲ့ရှောင်းကျန့်ကမျက်နှာကလေးပျက်နေပြီ။ အိတ်အတွင်းအပြင် ဘယ်လိုရှာရှာမတွေ့တာကြောင့် အောက်နှုတ်ခမ်းလေးကိုသွားဖြင့်ဖိကိုက်ထားပြီးမျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့။
တာဝန်ယူထားတဲ့ကိစ္စမို့ ရှောင်းကျန့်လက်ထဲမှာသာပျောက်ရှသွားခဲ့ရင်ကျိန်းသေပေါက်ရှောင်းကျန့်ရှင်းရမှာ။ ဒု-အတန်းခေါင်းဆောင်မို့ အတန်းနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာရှောင်လွှဲလို့မရ၊ ရှေ့ထွက်ရတယ်။
"toiletသွားတယ်...ပြီးတော့ ပြီးတော့..."
"ကော ဘယ်မှာသိမ်းထားတာလဲ"
"စာအိတ်ထဲ ပိုက်ဆံကိုထည့်ထားပြီး လေ့ကျင့်ခန်းစာအုပ်ထဲ ညှပ်ထည့်ထားတာ အခုကျောင်းသားစာရင်းပဲတွေ့တယ် အတူတူတွဲပြီးပြန်အပ်ရမှာကို"
"စာအိတ်ကဘာအရောင်လဲ"
"အဖြူရောင်ပေါ့"
"ကောအထားမှားလား"
"စာအုပ်ကြားထဲညှပ်ထည့်ထားတာသေချာပါတယ်"
"မနက်မှ အတန်းထဲက ကောရဲ့ စားပွဲမှာချန်ခဲ့တဲ့စာအုပ်တွေထဲရှိချင်ရှိနေမှာလေကောရဲ့ မငိုလိုက်နဲ့"
"စိတ်ဆင်းရဲနေတာ မငိုဘူး"
"ဘာလို့စိတ်ဆင်းရဲမှာလဲဗျာ မနက်ကျပြန်တွေ့မှာပါ"
"တွေ့...တွေ့မှဖြစ်မှာ၊ ပိုက်...ပိုက်ဆံတွေက များတယ် ေလာင်ရှီးကလျော်ခိုင်းမယ်ဆိုရင် ငါမလျော်နိုင်...အားးးစိတ်ညစ်လိုက်တာ တအားတအား!!!"
ရှောင်းကျန့်က သူ့ဆံပင်သူထိုးဖွပြီးအော်တော့တယ်။ သူကနာမည်ပျက်နည်းနည်းမှမရှိတဲ့ကျောင်းသား။ နာမည်အနည်းငယ်လည်းကြီးနေသေးတာ။ ကိုယ့်ဘက်ကရိုးရိုးသားသားပေျာက်သွားကြောင်းအကြောင်းကြားလို့ယုံကြရင်အကြောင်းမဟုတ်၊ ဟိုစစ်ဒီဆေးနဲ့ဆို သူ့ရိုးသားမှုကိုပါးပါးလေး လာထိခိုက်သလိုခံစားရမှာ။
![](https://img.wattpad.com/cover/341944182-288-k224361.jpg)
YOU ARE READING
မေတ္တာ / ေမတၱာ