U.
အပိုင်း ၁၁
24hours storeဆိုင်ငယ်လေးထဲ ရိပေါ်လက်ညိုးတထိုးထိုးနဲ့
"ကော ဟိုပေါင်မုန့်"
"အင်း စားချင်ရင်ယူ"
"ရှောင်းကျန့်က နင့်အဖေလား!"
"ကျဲကိုပါဝယ်ကျွေးလိုက်ပါလားကော၊ သူ့ကိုဝယ်မကျွေးလို့မြင်သမျှလူစိတ်ပတ်ဆိုးနေတယ်"
မကြားအောင်ကပ်ပြောတာလည်းမဟုတ်။ သူမကြားနိုင်တဲ့လေသံနှုန်းထားနဲ့ရှောင်းကျန့်ကိုလှမ်းပြောနေတာမို့ လိဟွာဆွေ့ဆွေ့ခုန်တော့တယ်။
"ငါ့မှာပိုက်ဆံရှိတယ် ဝယ်စားနိုင်သားပဲ!"
"စားပေါ့၊ ကျန့်ကောဝယ်ကျွေးတာပိုအရသာရှိတယ်"
"ကတ်ဖဲ့ပြီးသာပြော နင်ဆိုတဲ့သတ္တဝါလေးဟာ"
ဒါမျိုးပူပူဆူဆူဆို သည်းမခံနိုင်ဆုံးက ကျုိးချန်။
"ငါသာ ကောင်တာကဝန်ထမ်းဆို မောင်းထုတ်လိုက်ပြီ နားတယောထိုးတဲ့ဟာတွေ"
တကယ်က ရိပေါ်မှာလည်းပိုက်ဆံရှိသားပဲ။ ရှောင်းကျန့်သိတယ်။ ဒီထက်စျေးကြီးပြီးစားကောင်းတဲ့မုန့်တွေကိုတောင်ဝယ်စားနိုင်သေးတာ။ ဒါပေမဲ့ တခါတလေတော့ ခုလိုမျိုး လက်ညိုးထိုးပူဆာပြီးရှောင်းကျန့်ရဲ့ကိုယ်ပိုင်အကြွေလေးတစ်ချို့ကိုလျော့စေခဲ့သေးတာ။ ရိပေါ်ကအဲ့ဒီလိုသူ့ကိုအနိုင်ကျင့်တတ်သေးတယ်။ ရှောင်းကျန့်ကြီးကြီးမားမားမနစ်နာစေမဲ့နည်းလမ်းတွေကို ေသသေချာချာရွေးချယ်ပြီးတော့...။
ပေါင်မုန့်တမြုံ့မြုံ့ဝါးနေတဲ့ပါးဖောင်းကြီးတွေကို ရှောင်းကျန့်အသာဖျစ်ညှစ်လိုက်တယ်။ အိစိအိစိနဲ့ ။ ထပ်ကာထပ်ကာညှစ်မိတော့ ဝမ်ရိပေါ်စိတ်ကောက်သွားတော့တယ်။
"ရိပေါ်လို့"
"ကုန်းပိုး"
"ငါ့သူငယ်ချင်းကို နိုင်စားလိုက်တာ"
သူမကိုပေစောင်းစောင်းကြည့်နေတဲ့ဟာလေးကိုသူမကလည်းတစ်ချက်ပြန်ထိုးလိုက်တယ်။ ဒီလိုနဲ့ကျူရှင်ချိန်မရှိတဲ့အိမ်အပြန်လမ်းမှာ သူတစ်ချက်ကိုယ်တစ်ချက်အပြန်အလှန်ထိုးဖြစ်ကြတယ်။ မျက်စောင်းကြီးတွေ။
YOU ARE READING
မေတ္တာ / ေမတၱာ