16.

595 88 8
                                    

U.

အပိုင်း ၁၆

"ကော အပေါ်ဝတ်လိုမယ်မှန်း ကျွန်တော်သိတယ်"

ရုပ်ရှင်ရုံရဲ့ စိမ့်အေးလာတဲ့ အဲကွန်းဒဏ်ကို အ​အေးကြောက်တဲ့ရှောင်းကျန့် အကြာကြီးမခံနိုင်။

"ဒါ ကျွန်တော်ဆိုဒ်အကြီးဝတ်လာတာ ကောနဲ့တော်တယ်"

"မင်းကရော"

"ကျွန်တော်မအေးဘူး"

"မင်းပဲဝတ်ထားပါ"

"ကောလက်ဖျားတွေဒီလောက်အေးနေတာ"

ရှောင်းကျန့်ရဲ့လက်တွေိကိုဟိုစမ်းဒီစမ်းလျှောက်စမ်းပြီး "တွေ့လား...အေးနေပြီ" လို့က တောက်လျှောက်ရေရွတ်နေသေးတာ။ ပြီးတာနဲ့သူ့အပေါ်ထပ်လက်ရှည်အင်္ကျီကြီးက ရှောင်းကျန့်ကိုယ်ပေါ်ကို အတင်းအဓမ္မရောက်လာတော့တာပဲ။ ရှောင်းကျန့်အတင်းမငြင်းဖြစ်တော့ဘူး သူတကယ်အေးနေတာမို့ဒီထဲမှာ အနွေးထည်မပါဘဲ တစ်နာရီကျော်လောက်ထိုင်နေနိုင်မှာမဟုတ်ဘူး။

"မင်းအေးလာရင်ပြန်ယူနော်"

"အင်းပါ"

သို့ပေမဲ့ ရုပ်ရှင်ပြီးသည်အထိရိပေါ်က ပြန်မယူခဲ့ပါ။

"ဝတ်ထားဦး၊ ကုန်တိုက်ထဲလည်းအဲကွန်းက အေးတယ်ကော"

"သိပါတယ် ငါ့ကိုတောသားထင်နေလား"

"ဟောဗျာ..."

ဦးလေးဝမ်က သူတို့ကိုစားကောင်းတဲ့ဟော့ပေါ့ဆိုင်လည်းခေါ်သွားသေးတယ်။ သူတို့လူအုပ်နဲ့မို့ မနည်းဘူးရှင်းလိုက်ရမယ်မှန်းတော့ရှောင်းကျန့်ရိပ်မိပါရဲ့။

milk teaဆိုင်လေးရှေ့ သူတို့အုပ်စုလိုက်ကြီးဟိုမှာဒီမှာလုပ်နေကြတုန်း ကျဲမေနျန်ကတော့ ခပ်လှမ်းလှမ်းမှာဦးလေးဝမ်နဲ့အတူတူ သူတို့ကို ရပ်စောင့်နေခဲ့တယ်။

"ရိပေါ်...ဟို...နင့်အစ်မက milk teaကြိုက်လား"

"ကြိုက်တယ်၊ ကျဲက ကျောင်းကပြန်လာတိုင်းဝယ်ဝယ်သောက်လာတာတွေ့တယ်"

"ဟုတ်လား ဒါဆို နင့်ကျဲအတွက်တစ်ခွက်ပိုမှာရအောင်"

"ကျဲလိဟွာသဘောပဲ"

မေတ္တာ / ေမတၱာ Where stories live. Discover now