1.

1K 164 12
                                    

U.

အပိုင်း ၁

ရှောင်းကျန့် စားပွဲပေါ်က ထထိုင်လိုက်တဲ့အချိန်မှာတော့ ရိပေါ်ရှိမနေတော့ပါဘူး။ ထွက်သွားပြန်ပြီ။ ရိပေါ်နဲ့ နောက်တစ်ကြိမ်ထပ်ပြီး စကားများရပြန်ပြီ။ မျက်လုံးက မျက်ရည်စတွေကိုလက်ခုံနဲ့ပွတ်သုတ်လိုက်မှ ဝေဝါးနေတဲ့အမြင်တွေပြန်လည်ကြည်လင်လာတယ်။ ဟိုသိမ်းဒီဆည်းနဲ့မို့ တိတ်ဆိတ်နေတဲ့အခန်းလေးထဲရှောင်းကျန့်လှုပ်ရှားသံတွေပဲကြီးစိုးနေတယ်။

ဒီလိုမျိုးရန်ဖြစ်ပြီးတဲ့အချိန်တွေမှာ ရိပေါ်အခန်းရှေ့ကိုတောင်ရှောင်းကျန့်သွားမရပ်နိုင်ခဲ့ဘူး။ ဒီကလေးသူ့အရိပ်မှာရှိမနေဘူးဆိုတဲ့အတွေးက သူ့ကိုအလွန်အကျွံဝမ်းနည်းစေတယ်။

ဒီညတော့ ရှောင်းကျန့်ဆီမှာ ရိပေါ်အခန်းရှေ့ရပ်ရုံမက အခန်းလေးထဲပါခဏဝင်နေချင်စိတ်ကလေးကပ်ငြိနေတယ်။ ​ခြေချလိုက်မိတဲ့အခန်းကလေးကိုဝေ့ကြည့်မိတော့လှိုက်ခနဲနွေးတယ်။ အခန်းအပြင်အဆင်ကအစ ရိပေါ်စိတ်ကြိုက်ပြင်ဆင်ပေးခဲ့တာ။ အတူတူပြင်ဆင်ခဲ့ကြတာမို့ ရှောင်းကျန့်ရဲ့ ခြေရာလက်ရာတွေပါဒီအခန်းလေးထဲအပြည့်။

ကုတင်စွန်းလေးမှာဝင်ထိုင်ရင်း ရှောင်းကျန့်က အခန်းပတ်ပတ်လည်ကိုဝေ့ကြည့်နေတယ်။ စာကြည့်စားပွဲပေါ်မျက်စိရောက်မိတော့ နီရဲနေတဲ့မျက်လုံးအစုံနဲ့လားလားမှမဆိုင် သူနှစ်နှစ်ကာကာပြုံးလိုက်မိတယ်ထင်တယ်။

ရှောင်းကျန့်ဘဝမှာ ရိပေါ်ရဲ့​ခြေရာလက်ရာလေးတွေအပြည့်ပဲဆိုရင် ရိပေါ်ရဲ့ဘဝလေးထဲမှာလည်း ရှောင်းကျန့်ရဲ့ခြေရာလက်ရာတွေချည်းပြည့်သိပ်နေမှာပါပဲ။

စာကြည့်စားပွဲလေးက သာမန်အမြင်မှာရိုးရိုးစင်းစင်းဆိုပေမဲ့ ရှောင်းကျန့်ဘွဲ့ရတုန်းကရိပေါ်နဲ့အတူတူရိုက်ထားတဲ့ဓာတ်ပုံကိုမှန်ဘောင်သွင်းပြီးထောင်ထားတယ်။ နောက်ထပ်တစ်ပုံကတော့ ဘွဲ့ဝတ်စုံနဲ့ရိပေါ်ဘေးမှာဂုဏ်ယူပြုံးနဲ့ရပ်နေတဲ့ရှောင်းကျန့်။ ဒီပုံက မကြာသေးဘူး။ ရိပေါ်ဘွဲ့ရခဲ့တာလွန်ခဲ့တဲ့၂လလောက်ကမှမို့။ အံဆွဲကိုဖွင့်လိုက်ရင်တော့ ကလေးဆန်တဲ့ပစ္စည်းသေးသေးမွမွလေးတွေကို တွေ့ရပါလိမ့်မယ်။ ဒီပစ္စည်းလေးတွေမှာရှိနေတဲ့ အမှတ်တရတစ်ခုချင်းစီကို မှတ်ဥာဏ်သိပ်မထက်တဲ့ရှောင်းကျန့်က လံုးဝမမေ့ခဲ့ပါ။ ရိပေါ်လည်းအဲ့ဒီလိုပဲ။

မေတ္တာ / ေမတၱာ Where stories live. Discover now