10.

591 108 7
                                    

U.

အပိုင်း ၁၀

"ကောတော့ အောင်ရင်တောင်ကံကောင်းရိပေါ်ရယ်"

ဓာတုဗေဒ ဘာသာရပ်ဖြေဆိုပြီးတဲ့နေ့ ကျောင်းကအပြန်မှာရှောင်းကျန့်ငြီးငြီးငြူငြူပြောနေမိတယ်။ သူတကယ်ဂွမ်းခဲ့တာ။ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူး။ ဘာသာရပ်အပေါ်မှာထားတဲ့ကြောက်စိတ်ကအနိုင်ယူသွားခဲ့တာဒီနေ့ကိုယ်တွေ့ပဲ။

"ဒါကအစမ်းစာမေးပွဲပဲရှိသေးတာကို အတန်းတင်စာမေးပွဲအတွက်ကောကြိုးစားလို့ရသေးတယ်လေ အဲ့လောက်စိတ်မညစ်ပါနဲ့"

"ေအးလေ ငါဆိုကျမှာသေချာနေတာတောင် နင့်လောက်စိတ်မညစ်... အာ့ ဝမ်ကျိုးချန် နာတယ်နော်!"

ဝမ်ရိပေါ်ရဲ့ဖေးဖေးမမစကားနောက်မှာ သံယောင်လိုက်လာတဲ့ယန်လိဟွာရဲ့ခေါင်းကို ဝမ်ကျိုးချန်ကလှမ်းခေါက်လိုက်ခြင်း။

"နင် စာကိုသေသေချာချာလုပ်စမ်းပါ"

"မနက်ဖြန်ကစပြီးလုပ်ပြီ"

"အဲ့စကားကိုနေ့တိုင်းပြောနေတာ"

သတိပေးတာခရီးမရောက်တဲ့ဝမ်ကျိုးချန်နဲ့ တစ်ခွန်းမခံဆင်ခြေလက်ခြေပြန်ပေးတတ်တဲ့ ယန်လိဟွာကြားထဲကိုစုန့်ကျိယန်ဝင်လာမှပွဲကအမြဲပြီးတတ်တာ။

"ကျိုးချန်ပြောတာဟုတ်တယ်လေ နောက်နှစ်ဆိုငါတို့ကတက္ကသိုလ်ဝင်တန်းရောက်ပြီ ဒီအချိန်မှမလုပ်ရင်ဘယ်အချိန်စာလုပ်တော့မလဲ"

ကျိယန်ထိုသို့ဝင်ပြောရင်တော့ ယန်လိဟွာတို့လေသံပြောင်းမြဲ။

"ဟုတ်တာပေါ့ ငါတို့ကျိယန်ပြောတာနည်းလမ်းကျတယ် ငါတကယ်စာလုပ်တော့မှာတကယ်ပြောတာပါ"

"ဘယ်အချိန်စလုပ်မယ်စိတ်ကူးလဲမမလေး"

"ဟီး...ကျောင်းစုံညီပွဲပြီးမှ"

"ကဲ! ယန်လိဟွာ"

ဒီလောက်စည်ကားနေတဲ့မြင်ကွင်းရှေ့မှာတောင် ရှောင်းကျန့်တစ်​ယောက်ဟက်ဟက်ပက်ပက်မရယ်နိုင်တော့ဘူး။ သူငယ်ချင်းတွေဘာလုပ်လုပ်ဒိုင်ခံရယ်ပေးတတ်တာရှောင်းကျန့်ပဲ။

ရှောင်းကျန့်အကျင့်ကအဲ့ဒီလိုပဲ။ မကောင်းတဲ့ကိစ္စလေးတစ်ခုခုနဲ့များကြုံလိုက်ရပြီဆိုရင် လီဗာတစ်ဆုံးဆွဲချလိုက်တဲ့ဆိုင်ကယ်တစ်စီးလိုပဲ အရှိန်မထိန်းဘဲ အဆံုးအထိ တစ်ရှိန်ထိုး စိတ်ဆင်းရဲနေတတ်တယ်။ အပြန်အလှန်အနေနဲ့စိတ်ပျော်စရာကိစ္စတွေရှိလာရင်လည်း ထိန်းမထားတတ်အောင်ပျော်မြူးတတ်ပြန်ရော။ ရှောင်းကျန့်လောက်ပျော်နိုင်တဲ့သူဒီကမ္ဘာမှာမရှိတော့သလိုမျိုး။

မေတ္တာ / ေမတၱာ Where stories live. Discover now