U.
အပိုင်း ၆
ဲ၆နှစ်သားကစလို့သိကျွမ်းချစ်ခင်ခဲ့တဲ့ရိပေါ်ဟာ အသက်၁၀နှစ်ရောက်လာတော့ ကိစ္စတော်တော်များများကိုနားလည်ပြီး ပြောင်းလဲမှုလေးအနည်းငယ်ရှိလာတတ်တယ်။ ဥပမာ အရင်နှစ်တွေကဆို ရှောင်းကျန့်ကပဲ ရိပေါ်အတန်းဘက်ကိုသွားရှာပြီးထမင်းအတူတူစားဖို့်သွားခေါ်တတ်ပေမယ့် အခုဆို ထမင်းစားချိန်တိုင်း ရိပေါ်ကအရင် ရှောင်းကျန့်အတန်းဘက်ဆီဦးအောင်လာတယ်။ အားကစားချိန်တွေမှာလည်း ယောင်လည်လည်နဲ့ရှောင်းကျန့်အတန်းရှေ့ကနေဖြတ်သွားတတ်သေးတယ်။
"yo~ အစားပုတ်ဝတုတ်လေး အချိန်ကိုမှန်နေတာပဲ"
"သွားမစပါနဲ့ကွာ"
ကျိယန်နဲ့ တည့်တည့်ရှုရှုဖြစ်သွားသလောက် ရိပေါ်ကိုအပျင်းပြေထိုင်ထိုင်စနေတတ်တဲ့ ကျိုးချန်ကတော့ ရိပေါ်ရဲ့ဂြိုလ်ကြည့်ကြည့်ခြင်းကိုခံရဆဲ။
ဒါပေမယ့်ပေါ့ ညနေကျောင်းဆင်းတော့ရိပေါ်ဂြိုလ်ကြည့်ကြည့်တာခံရသူဟာ ရှောင်းကျန့်ဖြစ်သွားတော့တယ်။
တစ်လမ်းလုံးစကားမပြောတော့ အခုအထိဘာမှားမိမှန်းမသိတဲ့ ရှောင်းကျန့်ကပဲ စချော့တဲ့အနေနဲ့ ရိပေါ်လက်ထဲကထမင်းချိုင့်လေးကိုသယ်ပေးဖို့လုပ်တော့လည်း အသယ်မခံ။
"သယ်နိုင်တယ် ကလေးမဟုတ်ဘူး" တဲ့။ သူ့ထက်ခေါင်းတစ်လုံးလောက်နိမ့်နေတဲ့ အရပ်ကလေးကိုကြည့်ပြီးရှောင်းကျန့်ရယ်လိုက်ချင်ပေမယ့် အမှုပိုကြီးမှာစိုးလို့ သည်းခံထားရတယ်။"ရိပေါ်ရေ"
မျက်လုံးဆွေကြည့်ဖော်တော့ရတယ်။
"ကောက မင်းစိတ်ဆိုးအောင် ဘာများလုပ်မိလို့လဲ"
မျက်လုံးမှေးမှေးကျဥ်းကျဥ်းလေးတွေက သူ့ကိုတရားခံစစ်သလိုကြည့်လာတယ်။
"ရေမွှေးဘာလို့ဆွတ်လာတာလဲ"
"အဲ...တီလေးဝယ်ပေးလို့လေ"
"ဆံပင်ကရော ဘာလို့ညှပ်ထားတာလဲ"
"ဆရာမညှပ်ခိုင်းတာလေ"
"ဟင်း..."
ဟင်း...တဲ့။ ဘာရယ် ဟင်း...တဲ့။ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုသက်ပြင်းတစ်ချက်ချပြီးစိတ်တိုင်းမကျသလိုကြည့်သွားတယ်။ အပြစ်လုပ်ထားတဲ့ကလေးကို မိဘအုပ်ထိန်းသူက ကြပ်ကြပ်သတိထားနော်ဆိုတဲ့အကြည့်နဲ့ကြည့်နေသလိုမျိုး ရှောင်းကျန့်ထက်ခေါင်းတစ်လုံးစာအရပ်နိမ့်တဲ့အဲ့ဒီဟာလေးက ကြည့်သွားတာတဲ့...သူ့ထက်၆နှစ်စောမွေးတဲ့ရှောင်းကျန့်ကိုလေ!!!
![](https://img.wattpad.com/cover/341944182-288-k224361.jpg)
YOU ARE READING
မေတ္တာ / ေမတၱာ