12.

516 103 7
                                    

U.

အပိုင်း ၁၂

"မား...ရှောင်းကျန့်တို့က ပန်းသီးစားချင်တယ်တဲ့"

"ငါတို့ ဘယ်တုန်းကပြောမိလို့လဲ!"

ကျောင်းပိတ်ရက်တွေမှာ သူတို့စုရပ်က အလိုလိုလိဟွာတို့အိမ် ဖြစ်သွားတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိတယ်၊ ကြည့်ချင်တဲ့ movieမှန်သမျှအခွေထိုးပြီးကြည့်လို့ရတယ်။ အဖေဖြစ်သူကလည်းအလုပ်သွားတာမို့ နောက်နှစ်ဆိုပိုပင်ပန်းမဲ့တက္ကသိုလ်ဝင်တန်းကိုဖြတ်သန်းရမဲ့သမီးကလေးကို အမေလုပ်သူကဒီအတောအတွင်းတော့ထင်တိုင်းကျဲခွင့်ပေးထားလေရဲ့။

ကျိုးချန်က သူ့နာမည်အတပ်ခံရတဲ့အခါတွေမှာ မျက်စောင်းအကြီးကြီးထိုးနေတတ်ပြီး ကျိယန်ကတော့ လိဟွာမေမေလာချပေးသမျှအစားအသောက်မှန်သမျှကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ ပါးစပ်ထဲထည့်နေတော့တယ်။

ဒါမျိုးက ယန်လိဟွာတို့အကြိုက်ဆိုတာသိပေမဲ့ ကြားထဲကရှောင်းကျန့်တို့နာမည်ကိုအသုံးချကာရသမျှအခွင့်အရေးအကုန်သဲ့ယူနေတဲ့ယန်လိဟွာက တော်တော်အမြင်ကပ်စရာကောင်းလာပြီ။

'မျောက်ပြဆန်တောင်း' ဆိုတာနဲ့နှိုင်းရရင်လည်း သူတို့အုပ်စုက ေမျာက်ဖြစ်ရဦးမယ်။ နာမည်အလွဲသုံးစားလုပ်ချက်ကတော့။

"ရိပေါ် ပန်းသီးကြိုက်တယ်မလား"

"ဟုတ်"

ရှောင်းကျန့် ခက်ရင်းနဲ့ထိုးပြီးခွံတဲ့ပန်းသီးစိတ်က​လေးတွေကိုရိပေါ်ကတဂျွမ်းဂျွမ်းနဲ့ဝါးပြီး တီဗီဖန်သားပြင်ပေါ်ကိုပဲအာရုံစိုက်နေတယ်။ ဒီကောင်လေး သဘာဝလွန်ဇာတ်လမ်းတွေဆို အလွန်ကြိုက်၊ သရဲကားကလွဲလို့။

လိဟွာကလည်းညီတယ်။ သူတို့ကြည့်တဲ့ Marvel, DC, Transformers ကား မှန်သမျှလိုက်ကြည့်နိုင်တယ်။ ရိပေါ်က အပြင်ကလှုပ်လှုပ်ရှားရှားဆော့နည်းတွေပဲ သဘောကျတတ်တဲ့ကလေးပေမဲ့ အဲ့ဒီ movieတွေကိုတော့ မျက်လုံးတောက်တောက်ကလေးတွေနဲ့မျောသွားလေ့ရှိတယ်။ အကြိုက်ဆုံးဇာတ်ကောင်က Spider-Man ပါတဲ့။ 

ဲရှောင်းကျန့် Spider-Man ပုံတူကိုပထမဆုံးအကြိမ် ရေဆေးနဲ့ကြိုးစားဆွဲပြီး ပေးတော့ရိပေါ်မှာသဘောတွေကျနေပုံများ။ ရှောင်းကျန့်လက်ရာကဖြင့် ပင့်ကူလူသားမှန်းသိသာစေတာဆိုလို့ဝတ်စုံအနီကြီးပဲရှိတာ။ သို့ပေမဲ့ရိပေါ်အခန်းထဲကနံရံမှာ ရှောင်းကျန့်လက်ရာမကောင်းမကန်းလေးက မှန်ဘောင်လေးနဲ့ ခပ်ကြွားကြွားလေးနေရာယူလို့။

မေတ္တာ / ေမတၱာ Where stories live. Discover now