U.
အပိုင်း ၃
"ကျောင်းလွှတ်ရင် ဒီအဆောင်အရိပ်ထဲမှာပဲထိုင်စောင့် ကောကောလာခေါ်မယ်"
"ဟုတ်"
"ဝင်တော့ဝင်တော့"
ခြင်းလေးဆွဲပြီးဝင်သွားတဲ့ကလေးလေးရဲ့တံတောင်ဆစ်မှာတော့ ပလာစတာအသစ်စက်စက်ကလေးက နေရာယူလို့ထားတယ်။
"ရှောင်းကျန့်ဘယ်လဲ"
"မူလတန်းအဆောင်ဘက်၊ အိမ်ဘေးကကလေးလေးကိုသွားကြည့်မလို့"
"ေဩာ် မလိုက်တော့ဘူးနော် အိပ်မလို့"
သူငယ်ချင်းကောင်းပီသစွာပဲ ကျောပိုးအိတ်ပေါ်ခေါင်းစိုက်သွားတဲ့ကျိုးချန်နဲ့ အိပ်ပျော်နှင့်နေပြီဖြစ်တဲ့ကျိယန်။ သူတို့သုံးယောက်ကို အတန်းဖော်တွေကိုပျင်းစရာကောင်းတယ်လို့သတ်မှတ်ထားကြပေမဲ့ ဓာတ်တူနာမ်တူသူတို့ကတော့ အချင်းချင်းသက်တောင့်သက်သာပဲ။ အဆင်ပြေလွန်းလို့အလယ်တန်းအထိတတွဲတွဲဖြစ်လာခဲ့ကြတာ။
ရှောင်းကျန့်ထမင်းစားပြီးပြီးချင်း အပြေးရောက်ခဲ့ပေမယ့် ရှာဖွေမှုအရင်းအမြစ်ကလေးက သူ့နေရာမှာရှိမနေ။ ရှောင်းကျန့်မနက်က ရိပေါ်ထိုင်တဲ့နေရာကိုသေသေချာချာမှတ်ထားခဲ့တာပါ။ ကလေးတွေကဒီလောက်ထမင်းစားမြန်လို့လား။
အဆောင်ရှေ့က ကလေးတွေကစားဖို့ လုပ်ပေးထားတဲ့ ကစားကွင်းပိစိလေးဆီကြည့်မိတော့မှတွေ့ပါပြီ သူရှာနေတဲ့စိန်မျောက်မျောက်ကလေးရယ်...လိုက်တမ်းပြေးတမ်းဆော့ပြီးချွေးတွေဖုန်တွေလူးနေပြန်ပြီ။
ကြည့်စမ်း ထမင်းစားပြီးပြီးချင်း ဒါမျိုးပြေးဆော့နေရလား။
"ဝမ်ရိပေါ်!"
ရှောင်းကျန့် အသံမတိုးမကျယ်ကို ဝမ်မျောက်ကလေးက ကြားတယ်။ ကစားလက်စကိုရပ်ပြီးအသံကြားရာကိုလှည့်ကြည့်တယ်။ ရှောင်းကျန့်ကိုမြင်တာနဲ့ကစားတာကိုရပ်ပြီး ရှောင်းကျန့်ဆီကိုတန်းခနဲပြေးလာတော့တာပဲ။ မျက်နှာဖြူဖြူဥဥကနေရောင်ထိထားတာကြောင့်ရဲနေပြီး နဖူးထက်ကချွေးစီးကြောင်းကြီးကလည်း ရှောင်းကျန့်ကိုပြောင်ပြနေတယ်။
YOU ARE READING
မေတ္တာ / ေမတၱာ