U.
အပိုင်း ၁၇
ကျိုးချန်- "နင့်ပစ္စည်းတွေ စုံရဲ့လားသေချာစစ်ဦး"
လိဟွာ- "ရောက်ကတည်းက ဒီစကားပြောနေတာ နင့်မှာပြောစရာ တခြားစကားမရှိတော့ဘူးလား"
နှုတ်ဆက်စကားပြောမထွက်လို့ တိုင်ပတ်နေတဲ့ကျိုးချန် ပါးစပ်ပိတ်သွားရတယ်။
"သမီးရေ နေမမြင့်ခင်လေးထွက်စို့လေ"
လိဟွာ၏ မားမားက လှမ်းကာအော်ခေါ်နေလေပြီ။
"ခဏလေးပါမား၊ ရိပေါ် ရောက်မလာသေးလို့...ရှောင်းကျန့် အခုကျတော့ အဲ့ကောင်လေးနင်နဲ့ဘာလို့အတူတူပါမလာတာလဲ အမြဲ နင့်အရိပ်ထက်တောင်နင့်နားကပ်နေပြီးတော့"
ရိပေါ်အစားရန်လုပ်ခံလိုက်ရတဲ့ရှောင်းကျန့်မှာ ခေါင်းကိုအသာကုတ်နေရပြီ။
"သူ့ကိုစောင့်ပါဦးလို့မှာခိုင်းသွားတာပဲ၊ ဦးလေးဝမ်နဲ့အပြင်ထွက်သွားတယ်"
"မားက လောနေပြီမြင်တယ်မလား၊ အဲ့ဒီဟာလေးကိုမနှုတ်ဆက်ရသေးဘူးခုထိ"
ကျိယန်- "ဟိုမှာ ရိပေါ် လာပါပြီဟာ နင်တအားပွမ်တာပဲ သွားခါနီးလာခါနီးကို"
"ကျဲ"
ရိပေါ်ပုံစံက အပြင်ကပြန်လာသည်မို့ ပုံမှန်ထက်ပိုသပ်ရပ်နေတယ်။ ပြီးတော့ လိဟွာရှေ့ ထိုးပေးလာတဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းလေးတစ်လုံး။
"ကျဲကို ကျွန်တော်တို့ဆက်သွယ်လို့ရမဲ့နံပါတ်မှန်သမျှ ဒီထဲထည့်ပေးသွား"
လက်ထဲရောက်လာတဲ့ဖုန်းလေးကို လိဟွာ ခပ်ကြောင်ကြောင်နဲ့ကိုင်ထားပြီး ခဏအကြာမှ စကားသံထွက်လာနိုင်တယ်။
"ဒါ နင့်ဖုန်းလား၊ အသစ်ကြီးမလား"
"ဘာပဲဖြစ်ဖြစ်ပါ ၊ ထည့်ပေးလေ နံပါတ်တွေ လူကြီးတွေကျဲကိုစောင့်နေရပြီ"
လိဟွာလက်ချောင်းတို့က ဖုန်းစခရင်ပေါ်ခပ်သွက်သွက်ကလေးပြေးလွှားသွားတယ်။
"ရိပေါ်..."
ကားပေါ်မတက်ခင် လိဟွာက သံယောဇဉ် မပြတ်စွာလှမ်းခေါ်တယ်။
![](https://img.wattpad.com/cover/341944182-288-k224361.jpg)
YOU ARE READING
မေတ္တာ / ေမတၱာ