U.
အပိုင်း ၁၄
တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ ရိပေါ်တို့အိမ်ကလေးနဲ့အတူ အိမ်ထဲက ဟောင်းလွန်းတဲ့ ပရိဘောဂတွေိကို ပစ်တန်သည်ပစ်၊ အသစ်ဝယ်ဖြည့်သင့်တာတွေကိုလည်းဖြည်းဖြည်းချင်းပြန်ဖြည့်နေတဲ့ ဦးလေးဝမ်ကိုကြည့်ရတာ အခုမှအိမ်ထောင်စကျတဲ့လူပျိုလေးများလို ဖျတ်လတ်လို့။
"ရိပေါ်တော့ အရင်ကထက်ကျယ်တဲ့အခန်းကြီးထဲနေရတော့မှာပဲ"
"ကောအခန်းကိုပဲကြိုက်တယ်"
"တော်စမ်းပါကွာ"
သူ့အခန်းကိုကြိုက်တာထက် သူ့အခန်းကိုအပိုင်စားယူပြီးသူ့ကိုနိုင်စားရတာကိုကြိုက်တာနေမှာ။
"ကောက အခန်းကျယ်ကျယ်နေချင်လို့လား"
"အဲ့လိုမဟုတ်ပါဘူး ကျယ်တော့တစ်မျိုးကောင်းတယ်ထင်လို့ ကိုယ့်အခန်းလေးပဲကိုယ်ကြိုက်ပါတယ်လေ"
"ကောအခန်းလေးကိုကျွန်တော်လည်းကြိုက်တယ်"
"ဟုတ်လား၊ မင်းကို နောက်တစ်ပတ်အထိပဲလက်ခံတော့မှာမို့စိတ်မကောင်းပါဘူးကွာ"
"ကောလို့..."
"ဘာတုန်း"
"တစ်အိမ်စီအိပ်ရရင်"
"အင်း"
"မနက်ကျောင်းသွားခါနီးကျ ကျွန်တော့်ကိုဘယ်သူနှိုးမှာလဲ"
"မင်းအခန်းထဲကနှိုးစက်ကြီးက အသံအောင်လွန်းလို့"
"အား...!!"
ရိပေါ်က ညည်းညူပြီး သူ့ကုတင်ပေါ်ကန့်လန့်ကြီးဘုန်းခနဲနေအောင်ပစ်လှဲပြန်တယ်။ ကျောင်းပြန်တက်ရပြီမို့ အပျင်းတစ်ခွင့်မရှိ။ ေရှာင်းကျန့်ကအရေးအကြီးဆုံးတက္ကသိုလ်ဝင်တန်းကိုတက်ရောက်နေသူမို့ အချိန်တိုင်းမိနစ်တိုင်းဟာအရေးကြီးတယ်။
"ကော...စာလုပ်ပြီလား"
"အင်း"
"ညကလည်း ကောဘယ်အချိန်မှအိပ်တာလဲ ကျွန်တော်အိပ်ပျော်သွားတာတောင်ကောဝင်မအိပ်သေးဘူးမလား"
"ကောကိုမစောင့်နဲ့အိပ်နှင့်ဆိုတာကို မင်းပဲအကြောတင်းနေပြီးတော့"
![](https://img.wattpad.com/cover/341944182-288-k224361.jpg)
YOU ARE READING
မေတ္တာ / ေမတၱာ