U.
အပိုင်း ၁၈
"အိပ်တော့လေကော...မနက်အဆောင်ဝင်ရတော့မှာဆို"
Dramaကြည့်လက်စရှောင်းကျန့်မျက်လုံးတို့က ဘေးနားမှာလာလှဲအိပ်နေတဲ့ ရိပေါ်ဆီကိုဝေ့လာတယ်။
"မင်း...စတွေ့တုန်းကလိုအရွယ်လေးသာဆိုဘယ်လောက်ကောင်းလိုက်မလဲ"
"လုပ်ပြန်ပြီ အခုဘာဖြစ်နေပြန်လို့လဲကျွန်တော်က"
"ကလေးလေးဝမ်ရိပေါ်ကမှ အခုအချိန်ဆို 'ကောနဲ့မခွဲချင်ဘူး'ဆိုပြီး ကပ်ချွဲချင်ချွဲနေမှာ"
"ချွဲရဦးမှာလားဒီအရွယ်ကြီးနဲ့"
"ဒီအရွယ်ကြီး? အောင်မာ မင်းကဘယ်အရွယ်ကြီးဖြစ်ပြီမို့လို့လဲ"
"ကျန့်ကော၊ ကျွန်တော်က ချွဲတာတွေပျစ်တာတွေထက် သတိရတာနဲ့ကောဆီလာပြေးတွေ့ဖို့ပဲကြိုးစားနေမှာ၊ ကလေးဝမ်ရိပေါ်ကကပ်ချွဲဖို့ချည်းတတ်တာ အဲ့ဒါသူကျပ်မပြည့်လို့ ကျွန်တော်ကကျပ်ပြည့်တယ်"
"ဪ"
ကျပ်ပြည့်ရှာတဲ့လူပျိုရိပေါ်ပါလား...။
"ကော...ဒီဘက်နည်းနည်းရွှေ့"
"မရွှေ့ဘူး ပြတင်းပေါက်ဘက်ကပ်ထိုင်ချင်လို့ပါဆိုနေ"
"အဲ့ဒါဆို ကျွန်တော်ရွှေ့လာပြီ"
မကြာပါဘူးတစ်ဖက်ကားပြတင်းပေါက်ကနေရွေ့လျားသံကြားရပြီး ရှောင်းကျန့်ပုခုံးတစ်ဖက်လေးလံသွားတော့တယ်။
"အစောကြီးထရတော့အိပ်ချင်တယ်ခဏပေးမှီ"
"ညက မင်းပဲငါ့ထက်အရင် အိပ်သွားပြီးတော့"
ကားမောင်းနေတဲ့ဦးလေးဝမ်မြင်သွားပြီး
"သားရယ် အစ်ကိုကိုတမင်ဒုက္ခပေးချင်နေတယ်"
"ဒီတစ်မနက်ပြီးရင်နောက်သုံးလလောက်ဒုက္ခမပေးဘဲနေရတော့မှာပါးရဲ့"
"ဦးလေးဝမ်နဲ့မတူဘူးနော်၊ ဒီကောင်လေးကျစိတ်ပုတ်တယ်"
"မငြင်းပါဘူး စိတ်ပုတ်ကောင်အိပ်တော့မယ် ပုခုံးလေးငြိမ်ငြိမ်နေပေး"
မျက်လုံးကိုစုံမှိတ်ပစ်ပြီးရှောင်းကျန့်ပုခုံးပေါ်ပေတေကာပစ်မှီနေတဲ့ရိပေါ်နဖူးကိုမနာအောင်တောက်လိုက်တယ်။
'အပေအတေလေး..."
![](https://img.wattpad.com/cover/341944182-288-k224361.jpg)
YOU ARE READING
မေတ္တာ / ေမတၱာ