Chapter 1

2.6K 77 49
                                    

ကုတ်ထူထူတွေ ဝတ်ကာ အပြင်ထွက်ရတတ်သည့် ဆောင်းရာသီ ကုန်ဆုံးခဲ့ပြီး နွေရာသီကာလများဆီသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။

မြို့လယ်ကောင်၌ တည်ရှိသည့် တိုက်ခန်းတစ်ခန်း၏ အိပ်ခန်းကျယ်ထဲရှိ အိပ်ရာထက်သို့ ပူနွေးစပြုလာသော မနက်ခင်းနေရောင်များ ပြတင်းပေါက်မှတဆင့် ဝင်ရောက်လာခဲ့သည်။

ကုတင်ကျယ်၌မူ မှောက်ရက်ဖြင့် အိပ်မောကျနေဆဲ ကောင်လေးတစ်ယောက်ရှိ၏။ ထိုကောင်လေး၏ ကုတင်အောက်၌ အဝတ်အစားများနှင့်အတူ ငွေခြေကျင်းများစွာ ပြန့်ကျဲလျက်ရှိပြီး အရက်ပုလင်းတချို့ပါ မြင်မကောင်းစွာ လဲကျ ရှုပ်ပွနေသည်။

ထိုအချိန်၌ ဖုန်းသံများနှင့် တောက်လျှောက် စာဝင်နေသံများကလည်း ယွမ်ရှင်းရန်ဟု အမည်နာမရှိသည့် ထိုကောင်လေးအား အိပ်မရတော့အောင် အနှောင့်အယှက်ပေးနေခဲ့၏။

ယွမ်ရှင်းရန် သူ့ဖုန်းအား ဆွဲယူလိုက်ပြီး ဖုန်းမျက်နှာပြင်၌ ပေါ်နေသည့် စာများအား ခပ်ရှန်းရှန်း ဖတ်လိုက်မိသည်။

"ငါတို့လူကို ပြန်တောင်းပန်စမ်း အရိုင်းအစိုင်းကောင်"

"ရုပ်လေးဗန်းပြပြီး နာမည်ကြီးလာတဲ့ ကောင်ကများ"

"အချစ်မခံရဖူးမှန်း သိသာလိုက်တာ၊ မနာလိုနေတာ အသိသာချည်း"

"သွားသေလိုက်စမ်း၊ အနုပညာလောကထဲကို ဘယ်တော့မှ ရှေ့ထွက်မလာစမ်းနဲ့၊ ကျက်သရေယုတ်တယ်"

"မင်းလိုလူမျိုးရှိတာ ရုပ်ရှင်လောက နာတယ်ကွ"

ယွမ်ရှင်းရန် ကျိန်ဆဲစာများစွာကိုလည်း မျက်နှာသေဖြင့် လိုက်ဖတ်နေရင်း ဖုန်းဝင်လာတာကြောင့် ထထိုင်လိုက်သည်။

အိပ်လျှင် တစ်ကိုယ်လုံး ချွတ်အိပ်တတ်သည့် အကျင့်ရှိသူမို့ ယွမ်ရှင်းရန် သူ့ခန္ဓာကိုယ်ပေါ်က စောင်ကို အကုန်မဖယ်သေးဘဲ ရင်ဘတ်ပေါ်ထိ ဆွဲတင်ထားလိုက်ရင်း ကုတင်နောက်ကျောကို မှီလိုက်ပြီး ဖုန်းကိုင်လိုက်၏။

"ဘာလို့ အစောကြီး ဖုန်းတွေဆက်နေတာလဲ"

ယွမ်းရှင်းရန် သူ့အစ်မအား အလိုမကျစွာ ပြောလိုက်သည်။

Hang the Star in the Sky [Completed]Where stories live. Discover now