Chapter 17

766 51 56
                                    

"ယွမ်ရှင်းရန်! ငါ့ကို အဲ့ကလေး အခုပေးလို့ ပြောနေတယ်နော်"

"မလုပ်ပါနဲ့၊ မပေးချင်ဘူး"

အပြင်ဖက်၌ မိဘမဲ့ကျောင်း‌ရွေးနေသည့် မင်ယွီ အိမ်ထဲ အမြန်ဝင်လာရတော့သည်။ ကလေးလေးနှင့်အပြိုင် ရှောင်ရှင်းကပါ ငိုနေပြီဖြစ်သောကြောင့်ပင်။

"အန်ကယ် ရှောင်ရှင်းကို အဲ့လို အရမ်းမကြမ်းပါနဲ့၊ သူ နေသိပ်မကောင်းဘူး"

ရှောင်ရှင်းလက်ထဲက သမီးလေးကို ယွမ်ပါးက အတင်းဆွဲလုနေရုံမက ပြောမရသည့် ရှောင်ရှင်းကိုလည်း တဘုန်းဘုန်းထုနေတော့သည်။ ထို့ကြောင့် အခုမှတွေ့သည့် ကလေးကို သူ့သမီးအရင်းလို့များ ထင်နေလားမသိ၊ ရှောင်ရှင်းက အသည်းအသန်ကာကွယ်ဖို့ ကြိုးစားနေတာကြောင့် မင်ယွီ သိလိုက်၏၊ ဒီညတော့ ရှောင်ရှင်းကျေနပ်အောင် သမီးလေးကို တစ်ညပေးခေါ်ထားလိုက်မှ ဖြစ်တော့မည်။ မနက်ဖြန်မှပဲ သူ ချော့မော့ပြီး ပြောဖို့ စဉ်းစားလိုက်သည်။

ယွမ်းပါး သူ့နဖူးသူ လက်ဝါးဖြင့်ရိုက်ရင်း-

"ဒီကလေးဟာလေ အိမ်ကို တစ်မျိုးပြီးတစ်မျိုး ဒုက္ခပေးနေတော့တာပဲ"

မင်ယွီ အန်ကယ့်ကို အခန်းပြင်ခေါ်ထုတ်လာရ၏။ အန်ကယ့်စိတ်ထဲပါလို့ ပြောတာမဟုတ်သည့် စကားများက ရှောင်ရှင်းအတွက်တော့ ထိလွယ်ရှလွယ်ဖြစ်နေချိန်မို့ အတွေးချော်ပြီး နာကျင်ရနိုင်သည်။

"မင်ယွီ မင်းပဲ ကြည့်ရှင်း၊ ကြည့်ပြောတော့ကွာ။ အေး၊ မင်း မပြောနိုင်ရင် ငါ့သားနဲ့ လက်ထပ်မယ်ဆို မင်း အဲ့ပေါက်စလေးကိုပါ တစ်ခါထဲ ခေါ်သွားရမယ်၊ ငါ့နှယ်နော်"

ယွမ်ပါး အခုအခြေအနေကို သူ့သမီးရှန်လီ့ဆီ ဖုန်းဆက်အကြောင်းကြားဖို့ သူ့အိပ်ခန်းထဲ ဝင်သွားတော့သည်။

မင်ယွီ ရှောင်ရှင်းအခန်းထဲ ပြန်ဝင်လာခဲ့ပြီး wheelchair ပေါ်၌ သမီးလေးကို အရုပ်လို တင်းကျပ်စွာ ဖက်ထားသည့် ရှောင်ရှင်းရှေ့ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ရ၏။ သမီးလေးကတော့ ရှောင်ရှင်းလက်ပေါ်၌ အငိုတိတ်သွားပြီဖြစ်သည်။

"ကလေးကို အဲ့လောက်ညှစ်ပြီး မဖက်ထားရဘူးလေ၊ သမီးလေး အသက်ရှူကျပ်နေလိမ့်မယ်၊ ပေး၊ ကိုယ် တစ်လှည့်ချီပေးမယ်"

Hang the Star in the Sky [Completed]Where stories live. Discover now