Chapter 18

686 55 47
                                    

အချိန်တွေက ရပ်တန့်ခြင်းမရှိ တရွေ့ရွေ့ကုန်ဆုံးနေခဲ့သည်မှာ မင်ယွီနှင့် ယွမ်ရှင်းရန်တို့၏ အိမ်ထောင်သက်ပင် တစ်နှစ်ခွဲနီးပါး ဖြစ်လာခဲ့ပေပြီ။

မင်ယွီတစ်ယောက် လေးဘက်ထောက်သွားနေသည့် သမီးလေးက တဖြည်းဖြည်း လမ်းစလျှောက်ဖို့ ကြိုးစားနေတာအား ကြည့်ရင်းကြည့်ရင်း ပျော်ရွှင်ကြည်နူးနေလျက်ရှိ၏။

"သမီးလေး၊ ထ၊ ထ၊ ဒယ်ဒီ့ဆီ လျှောက်လာခဲ့"

တဘိုင်းဘိုင်းနှင့်ပစ်ပစ်လဲနေသည့် သမီးလေးက အလွန်မျက်နှာချိုလွန်းသူလေး ဖြစ်သည်။ အားကြီးသလောက် ဇွဲလည်းကြီးပုံရကာ စိတ်လည်းကြီးပုံပင်။ တစ်နှစ်ခွဲသမီးလေးက စကားတချို့စပြောလာနိုင်ခဲ့ပြီး အရင်က သူတို့နောက်သို့ လေးဘက်ထောက်လျှောက်လိုက်နေရာမှ လမ်းလျှောက်လိုက်ဖို့ ကြိုးစားလျက်ရှိသည်။ ခြေမခိုင်သေးတာမို့ ပစ်ပစ်လဲနေဆဲဖြစ်သော်ငြား တခစ်ခစ်ရယ်ရင်း ပြန်ပြန်ထလာတတ်သူဖြစ်သည်။

အခုလည်း သူ့နားသို့ သမီးလေးက ပြုတ်ကျသွားလိုက်၊ ပြန်ထလျှောက်လာလိုက်ဖြင့် သူ့လက်မောင်းနှစ်ဖက်ကြားထဲသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။ မင်ယွီ သမီးလေးအား ကောက်ချီလိုက်ရတော့ကာ မွှေးမွှေးပေးလိုက်၏။

"ပါးပါး" "သွား"

"အိုခေ! ပါးပါးဆီ သွားကြမယ်"

သမီးလေး ပထမဆုံးစပြောတတ်ခဲ့သည့် စကားလုံးက ပါးပါးဟုဖြစ်ပြီး သမီးလေးက ရှောင်ရှင်းအပေါ် အလွန်သံယောဇဉ်ကြီးပုံရသည်။ ရှောင်ရှင်းလက်ပေါ်ရောက်တိုင်း ဂျီမကျတော့ဘဲ ရယ်နေတတ်သော်လည်း သူ့လက်ပေါ်ရောက်တိုင်းတော့ သူ့ဆံပင်ကို အားနဲ့ဆွဲဖို့ ကြိုးစားတတ်သည်။

ထိုကဲ့သို့ ရှောင်ရှင်းအပေါ်ကျ အလွန်သိတတ်လွန်းနေသော ပေါက်စနလေးကို မင်ယွီ အချစ်ပိုလာခဲ့ရတော့၏။

မင်ယွီ သမီးလေးကို ချီလျက်ဖြင့် ရှောင်ရှင်းရှိရာ အခန်းကျယ်ဖက်သို့ ကူးလာခဲ့သည်။ သူတို့သားအဖသုံးယောက် ဒီအိမ်ဝင်းလေး၌ အတူစနေဖြစ်ခဲ့ကတည်းက ရှောင်ရှင်းကို အိမ်မှာပဲ ဆရာနဲ့ နေ့တိုင်း ခေါ်ကျင့်နေဖြစ်ခဲ့ပြီး လူနာစောင့်ကောင်လေးကိုလည်း ရှောင်ရှင်းဘေးမှာ အဆင်သင့်ထားပေးထားသည်။ သမီးလေးအတွက်လည်း နေ့ခင်းဖက်၌ ဆရာမ ထားပေးထားပြီး မင်ယွီကတော့ အိမ်ထဲ၌ ရှောင်ရှင်းနှင့် သမီးလေးဆီ ကူးနေရင်း သမီးရော ရှောင်ရှင်းကိုပါ လွတ်မသွားအောင် ဂရုစိုက်ခဲ့ရသည်။ ညဖက်တွေ၌မူ အပြင်လူ ဘယ်သူ့ကိုမှ ခေါ်မထားခဲ့ဘဲ သမီးရော ရှောင်ရှင်းရောကို သူ ကိုယ်တိုင်သာ ပြုစုယုယခဲ့သည်။

Hang the Star in the Sky [Completed]Where stories live. Discover now