Chapter 15

781 50 53
                                    

ကားမှန်ကို ခေါင်းမှီထားကာ လမ်းမပေါ်က လမ်းလျှောက်သွားလာနိုင်ကြသူများကို ယွမ်ရှင်းရန် အားကျစွာ ငေးကြည့်ရင်း လိုက်ပါလာခဲ့၏။

တစ်နေ့လုံးနီးပါး လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်ထားခဲ့တာမို့ ညနေဆို သူ ပန်းနေပြီ။ ညညဆိုပင် ခေါင်းအုံးနဲ့ထိတာနဲ့ တန်းအိပ်ပျော်သွားသည့်အထိ သူ ကြိုးစားနေသော်လည်း အများကြီးတော့ မထူးခြားလာသေးပါပေ။ သို့ပေသိ လွယ်လွယ်နှင့် အရှုံးမပေးတတ်သည့် စိတ်တက်ကြွမှုများကတော့ အရင်တုန်းကထက်ပင် ပိုပြင်းထန်လာသည်။

သူလိုက်ပါလာသည့်ကား အိမ်ဝင်းတစ်ခုထဲသို့ ကွေ့ဝင်သွားချိန်၌ ယွမ်ရှင်းရန် ခေါင်းထောင်ကြည့်လိုက်ပြီး သူ့အစ်ကိုနှင့်အစ်မကိုများ တွေ့ရမလား ရှာဖွေနေစဥ် သူ့ဘေးက ကားတံခါးပွင့်လာ၏။

"ဟိုင်း ကလေးလေး၊ ထပ်တွေ့ကြပြန်ပြီ"

ထိုအစ်ကိုမျက်နှာကို မြင်လိုက်ရချိန်၌ ယွမ်ရှင်းရန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ကာ ကားထိုင်ခုံ၏ တစ်ဖက်ခြမ်းသို့ ကြောက်လန့်တကြား ရွှေ့လိုက်သော်လည်း ထိုလူ သူ့ကို လွယ်လင့်တကူ ဖမ်းဆွဲလိုက်နိုင်ခဲ့ပြီး ကားအောက်ရှိ wheelchair ပေါ်သို့ ပစ်တင်ခံလိုက်ရသည်။

"ကျက်သရေမရှိတဲ့ကောင်တွေ ငါ့ကို လွှတ်စမ်း"

အိမ်ထဲရောက်လာချိန်၌ ထိုကလေးက ငယ်ငယ်ကလိုပဲ ပြဲလန်စွာ အော်ဟစ်နေပြန်သည်။ wheelchair ပေါ်ကနေတောင် လာစွာနိုင်နေသေးသော ထိုကောင်လေးအား ဂျွန်နှင့်ဒေးဗစ်တို့ ရယ်မောရင်း ကြည့်နေခဲ့ကြသည်။

ဆေးရုံမှာတွေ့ခဲ့သည့်နေ့က ဒီကလေး နေမကောင်းလို့ wheelchair ခဏ အသုံးပြုနေရသည်ဟုသာ ထင်ခဲ့တာဖြစ်သော်လည်း ဒီကောင်လေး သူ့ခြေထောက်တွေ လုံးဝလှုပ်မရတာကို စုံစမ်းသိရှိလိုက်ရသည်။ ဒီနေ့က သူတို့သူငယ်ချင်း၏ နှစ်ပတ်လည်နေ့ဖြစ်ပြီး သောမတ်စ်၏ဝိဉာဉ်ကို နှစ်သိမ့်ပေးချင်လို့ ဒီကောင်လေးကို ခေါ်ထုတ်လာကြသည်။

တအားဆူညံစွာ အော်ဟစ်နေသည့် ရှောင်ရှင်း၏ပါးပြင်အား ဒေးဗစ် လက်ပြန်ရိုက်ပစ်လိုက်ရသည်။

Hang the Star in the Sky [Completed]Where stories live. Discover now