Chapter 21

738 52 52
                                    

တစ်ညလုံး ဗျာများနေရသည့် ယွမ်ရှင်းရန်တစ်ယောက် မနက်ခင်းထိလည်း တိုင်ပတ်နေရဆဲပင်။

မင်ကောကို လာကြည့်ပေးသည့် ဆရာဝန် ပြန်သွားချိန်၌ သမီးလေးကို ကျောင်းပို့ရမည့်ကိစ္စများနှင့် သမီးလေးအတွက် မနက်စာအပြင် ထမင်းချိုင့်အတွက် သူ ဘယ်လိုလုပ်ရမလဲမသိ။ သမီးက လူကြီးလေးလို သိတတ်လိမ္မာနေတာကလွဲရင် သမီးလေးက သူ့ဝေယျာဝေစ္စများကို ကိုယ်တိုင်အကုန်မလုပ်တတ်သေးသည့် အရွယ်လေးဖြစ်သည်။ မင်ကောက အိမ်၌ လူပိုမထားဘဲ သူနဲ့သမီးကို ကိုယ်တိုင်ပြုစုပေးရုံမက သူ့အတွက် အစားအသောက်ကိုပင် အနပ်တိုင်း ကိုယ်တိုင်သာ သေချာချက်ပြုတ်ပေးခဲ့တာ ဒီလေးနှစ်လုံးပင်။

မင်ကော ဖျားနေချိန်၌ သမီးကို သူကိုယ်တိုင် ရေချိုးပေးရပြီမို့ နှစ်ယောက်သား တိုင်ပတ်နေကြ၏။

"သမီး ကိုယ်ဘာသာကိုယ် ချိုးမယ်၊ ပါးပါး အကုန်စိုကုန်ပြီ"

မင်ရှင်းယွမ် သူ့ပါးပါး အကုန်စိုနေပြီမို့ ရေခွက်ကို ပိုက်ပြီး ပါးပါး wheelchair နဲ့ ဝေးရာ၌ သွားချိုး၏။ သို့ပေသိ သူ့အား ဒယ်ဒီပဲ ချိုးပေးနေကျမို့ သူ ရေတစ်ခွက်လောင်းတိုင်း ပါးပါးကိုပါ ရေချိုးပေးပြီးသလို ဖြစ်နေခဲ့သည်။

မင်ရှင်းယွမ် ဆက်မချိုးရဲတော့၊ ပါးပါးကို အဝတ် ဘယ်လို လဲပေးရမလဲလည်း မသိတော့၊ သူ ဒီနေ့ ကျောင်းမသွားချင်တော့ပါဘူးဆိုတာကို ပါးပါးက ကျောင်းမပျက်ရဘူးဟု မနက်ကလေးတင် ဆူထားတာမို့ ဒယ်ဒီမရှိရင် သူ ပါးပါးကို ဘာမှမလုပ်ပေးနိုင်တာကို ကြည့်ရင်း ဝမ်းနည်းတကြီး ငိုမိတော့သည်။

"ဟော၊ ဘာလို့ငိုတာလဲ၊ ပါးပါး ချိုးပေးပါမယ်ဆို၊ ဒီနားလာ"

သမီးငိုသံကြောင့် မင်ယွီ နိုးလာသည်။ သို့သော် သူ ချက်ချင်းမထနိုင် ဖြစ်နေသည်။ ခေါင်းမကိုက်တော့သော်လည်း သူ အဖျားတွေကြီးနေဆဲပင်။ မင်ယွီ ကြိုးစားထလိုက်ပြီး ရေချိုးခန်းဖက် လျှောက်လာခဲ့ရ၏။

"သမီးကို ရေချိုးပေးနေတာလား၊ ကိုယ် ဆက်ချိုးပေးလိုက်မယ်၊ ရှောင်ရှင်း စိုကုန်ပြီ"

Hang the Star in the Sky [Completed]Where stories live. Discover now