Chapter 19

751 52 61
                                    

ကုတင်ပေါ်၌ အတွေးပေါင်းသောင်းခြောက်ထောင်နှင့် ဉာဏ်ရောင်စုံကွန့်မြူးနေသည့် ယွမ်ရှင်းရန်တစ်ယောက် တော်တော်နှင့်မအိပ်နိုင်။ သူ့အတွေးနှင့်သူ ကျေနပ်နေတာကြောင့် သူ့ဖက်စောင်းအိပ်နေသည့် မင်ကောကို ခိုးနမ်းဖို့ပင် ကြံစည်နေရင်း မင်ကောနားသို့ ပိုပိုတိုးကပ်သွားလျက်ရှိ၏။

ထိုအချိန်၌ ကုတင်ပေါ်က သမီးလေးက ရုတ်တရက်ကြီး ထငိုလာခဲ့တာကြောင့် ယွမ်ရှင်းရန် လန့်သွားခဲ့သည်။ မင်ကောကလည်း ငေါက်ခနဲ ထထိုင်လာတော့သည်။

မင်ယွီ သမီးကုတင်နား အမြန်ထလာခဲ့ကာ သမီးလေးကို ကျောအောက်မှ ပွေ့ယူလိုက်ပြီး သူ့ရင်ခွင်ထဲ သွင်းလိုက်ရသည်။

"သမီးလေး ဘာဖြစ်လို့လဲ၊ နေလို့မကောင်းလို့လား၊ ဗိုက်အောင့်လို့လား"

မင်ယွီ့ကို တွေ့တာနဲ့ ခုနကထက်ပင် ပိုတိုးငိုချလာသော သမီးလေးကြောင့် မင်ယွီ အမြန်ကောက်ချီလိုက်ပြီး ရှောင်ရှင်းနား ခေါ်လာခဲ့ရသည်။

ထို့နောက် ကုတင်ပေါ်၌ မင်ယွီ အရင်ထိုင်လိုက်ပြီး သမီးကို ပေါင်ပေါ်တင်ထားကာ ချော့နေရစဉ် ယွမ်ရှင်းရန်ပါ စိုးရိမ်တကြီး သမီးနား တိုးလာခဲ့ရ၏။

"ပါးပါးရဲ့သမီးလေး ဘယ်နား နေလို့မကောင်းတာလဲ၊ ဒါမှမဟုတ် အိပ်မက်ဆိုး မက်လို့လား"

"အိပ်မက်ထဲမှာ ပါးပါး မရှိတော့ဘူး"

တဝါးဝါးငိုနေသော သမီးလေးရဲ့မျက်ရည်ကို ယွမ်ရှင်းရန် သုတ်ပေးနေစဉ် မင်ယွီက ကျောပုတ်ပေးရင်း ချော့နေလေသည်။

ပါးပါးနှစ်ယောက်ကြား ရောက်သွားမှ အငိုတိတ်သွားသော သမီးလေးက မင်ကော ကိုယ်ပေါ် တွယ်တက်သွားကာ-

"ဒယ်ဒီ. .ပါးပါး ပျောက်မသွားအောင် သေချာကြည့်ထားပေး"

"အင်းပါ၊ ဒယ်ဒီ သေချာစောင့်ကြည့်ထားမှာ စိတ်ချ၊ မငိုနဲ့တော့နော်။ သမီးက ပါးပါး နေ့လယ်က ပြုတ်ကျတာကို စိတ်ထဲစွဲသွားလို့ လျှောက်မက်နေတာ။ ပါးပါးက ဒယ်ဒီတို့နဲ့ အကြာကြီး တူတူရှိနေဦးမှာ၊ တိတ်တိတ်"

ရှိုက်ရှိုက်ငိုနေ‌ဆဲ သမီးလေး၏ ရှောင်ရှင်းပေါ် တွယ်တာမှုက တော်တော်ကြီးတာပင်။ ရှောင်ရှင်း wheelchair ပေါ်က ပြုတ်ကျတာကို မြင်လိုက်ရကတည်းက သမီးဆိုတာ ကောင်းကောင်းတောင် မဆော့နိုင်တော့ဘဲ သူ့ပါးပါးကိုသာ လိုက်ကြည့်နေတော့တာကို မင်ယွီ သတိထားမိခဲ့သည်။

Hang the Star in the Sky [Completed]Where stories live. Discover now