Chapter 8

697 48 32
                                    

ဆေးရုံသီးသန့်ခန်းလေးထဲ၌ မှောက်အိပ်ရင်း စောင်အောက်ထဲ၌ ငိုကြောမပြတ်သေးဘဲ တရှုံ့ရှုံ့ငိုနေဆဲသူနှင့် ရေစိုဝတ်တွေနဲ့ တိုင်ပတ်နေရ‌သော လူနှစ်ယောက် ရှိနေသည်။

"တော်တော့လေ၊ မသိရင် ကိုယ်ကပဲ မင်းကို ရေဘူးနဲ့ ပစ်ပေါက်ပြီး မျိုးစုံအနိုင်ကျင့်ထားလို့ ငိုနေတယ် ထင်နေကြဦးမယ်"

"ဟင့်"

မင်ယွီ ဒီတစ်ခါတော့ ညထိပါ စောင့်ဖြစ်မှာကြောင့် အဝတ်လဲမှ ရတော့မှာမို့ ရှောင်ရှင်းအား ဘေးအခန်းမှ လူနာစောင့်အန်တီဆီ ခဏအပ်ခဲ့ရသည်။ ဆေးရုံအနီးနားက ဆိုင်ထဲမှ ရှပ်အနက်နဲ့ ပေါ့ပေါ့ပါးပါးရှိမည့် စတိုင်ပန်တစ်ထည် သွားပြေးဝယ်ရကာ လဲထားခဲ့ပြီး အမြန်ပြန်လာခဲ့ရသည်။

မင်ယွီ အခန်းထဲ ပြန်ရောက်ချိန်၌ ငိုကြောရှည်လေးက အိပ်ပျော်သွားပြီဖြစ်သည်။

ထို့အတွက် ဆိုဖာမှာသာ ဝင်ထိုင်မိတုန်း ရှိသေး ထိုကလေး၏ မျက်လုံးအစုံ ဖျတ်ခနဲ ပြန်ပွင့်လာပြီး ကုတင်ပေါ်ကနေ wheelchair ပေါ် ပြောင်းဆင်းလာသည်။ ထို့နောက် ခုနကအတိုင်း အစကနေ ပြန်သောင်းကျန်းတော့တာမို့ အထာနပ်သွားပြီဖြစ်သည့် မင်ယွီတစ်ယောက် ဆိုဖာ၌သာ တင်ပျဉ်ခွေထိုင်ပြီးပင် ဒီတစ်ခါတော့ မရှိသလိုပဲ နေပေးလိုက်ကာ ဖုန်းထိုင်သုံးနေလိုက်တော့သည်။

ထို့အတွက် ရှောင်ရှင်းဆိုသည်မှာ ဘယ်လောက်တောင် အငြိမ်မနေနိုင်သည့်အကြောင်း သရုပ်ပြနေသည့်အလား ကုတင်ပေါ်မှ အကြိမ်ပေါင်းများစွာ ဆင်းလိုက်တက်လိုက် လုပ်နေတဲ့အပြင် ပြတင်းမှန်ချပ်တွေကိုလည်း သွားကုတ်ခြစ်နေပြီး အောက်က လမ်းလျှောက်‌နေတဲ့သူတွေကို လိုက်ကြည့်ရင်း တဝါးဝါးငိုနေတော့သည်။

အခုချိန်‌ ရှောင်ရှင်းအတွက် အချိန်လိုဦးမှာကို နားလည်တာမို့ ဖြစ်နိုင်ရင် သူ့ဆန္ဒအတိုင်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပေါက်ကွဲခွင့်ပေးထားချင်သော်ငြား ခြေချော်လက်ချော်ဖြစ်ပြီး wheelchair ပေါ်က အရှိန်နဲ့ပြုတ်ကျသွားမှာကို စိုးရိမ်မိတာမို့ အခုလို အခန်းထဲမှာပဲ ပေကပ်ပြီး ထိုင်နေရခြင်းပင်။

Hang the Star in the Sky [Completed]Where stories live. Discover now