Chapter 2

991 50 33
                                    

ရိုက်ကူးရေးအတွက် နယ်ဖက်ဆင်းရတော့မည့် ယွမ်ရှင်းရန်တစ်ယောက် အေဂျင်စီရှေ့သို့ မှောင်လုနီးနီးအချိန်၌ ပြေးပြေးလွှားလွှား ရောက်လာခဲ့သည်။

"တော်သေးတယ်၊ ကွက်တိပဲ"

လက်မှနာရီကို ကြည့်လိုက်ရင်း ယွမ်ရှင်းရန် အမောဖြေလိုက်ကာ သူ့ကို တင်ဆောင်သွားမည့်ကားအား ဝေ့ရှာလိုက်ပြီး ထိုကားရှိရာသို့ ပြေးလာခဲ့ပြန်၏။ ထို့ကြောင့် သူ ပြေးနေရာ လမ်းတလျှောက် ခြူသံများ ဆူညံစွာ ထွက်ပေါ်နေသည်။

ယွမ်ရှင်းရန် ကားနောက်ခန်းအား ခပ်မြန်မြန် ဆွဲဖွင့်လိုက်ချိန်၌ ကားထဲ အသင့်ထိုင်နေသည့် မင်ကောနှင့် တည့်တည့်တိုးလိုက်ရတာကြောင့် ကိုယ်ရှိန်သတ်လိုက်ရင်း စပ်ဖြီးဖြီး ဖြစ်သွား၏။

"ဟဲဟဲ၊ ကျွန်တော် ကားမှားသွားတာပဲ၊ ဆောရီးပါ"

ဟန်ကော သူ့ကို လာခေါ်မည့်ကားနှင့် ပုံစံဆင်နေတာကြောင့် ယွမ်ရှင်းရန် ကားမှားဖွင့်မိခြင်းဖြစ်၏။ သို့သော်ငြား သူ ရုတ်တရက် အကြံပေါ်လာတာကြောင့် မင်ကော၏ တစ်ဖက်ခြမ်းသို့ ပြေးသွားလိုက်ကာ တခြားဖက်မှ တံခါးဖွင့်လိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်၏။

ထို့ကြောင့် ပေါင်ပေါ် Laptop တင်ထားကာ Laptop ကို ပြန်အာရုံစိုက်ကြည့်နေသည့် မင်ယွီပင် သူ့ဘေးက ကောင်လေးအား မေးဆတ်ရင်း ကြည့်လိုက်သည်။

"ကျွန်တော် မနေ့ညက အိပ်တာနောက်ကျလို့ အိပ်ပြီးလိုက်မလို့၊ ဟန်ကောနဲ့ဆို တစ်လမ်းလုံး ပွားတာခံနေရဦးမှာ။ အဲ့ဒါမို့ မင်ကောနဲ့ပဲ လိုက်ခဲ့တော့မယ်"

"ကိုယ့်ကားနဲ့ ကိုယ်လိုက်စမ်းပါ၊ ဒါနဲ့ ခြူတပ်ပြီး ပြေးလွှားနေရအောင် မင်းက အိမ်မွေးခွေးလား၊ နားညီးတယ်၊ ဆင်းတော့"

"ဟင့်အင်း၊ ဆင်းဘူး၊ ဟန်ကောနဲ့ မလိုက်ခိုင်းနဲ့နော်။ ကျွန်တော် ဟိုရောက်ရင် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေရင် မျက်ကွင်းတွေ ညိုနေမှာ။ mood လည်း ထည့်နိုင်မှာ မဟုတ်ဘူး၊ နော်လို့"

မင်ယွီ တော်တော်လေး အာရုံနောက်သွားရသော်ငြား အိမ်မွေးခွေးလေးကို ဘေးမှာတင်ခေါ်လာသည်ဟု နှလုံးသွင်းလိုက်ကာ ကားဆရာကိုသာ မောင်းခိုင်းလိုက်ရသည်။

Hang the Star in the Sky [Completed]Where stories live. Discover now