Chapter 12

705 48 31
                                    

ကားပေါ်မှ ဆင်းလာသည့် ယွမ်ချန်လင်တစ်ယောက် မင်ယွီတို့နား ပြေးလာခဲ့သလို ရဲတွေလည်း ခြံထဲသို့ လိုက်ဝင်ခဲ့ကြသည်။

မင်ယွီ အလွန်အမင်း အံ့ဩသွားရ၏။ သူ့ကို အင်အားအလုံးအရင်းနဲ့ ရှာနေတယ်ဆိုတာ သိပြီးသားမို့ သူ မျှော်လင့်ထားတာ နောက်လိုက် သက်တော်စောင့်များလောက်ကိုသာပင်။ ရှောင်ရှင်းက အသက်မပြည့်တဲ့ ကလေးမဟုတ်တာကြောင့် ရဲတွေထိ ပါမယ်လို့ သူ မ‌တွေးထားခဲ့။

"ခွေးသူတောင်းစား မင်း သေချင်နေပြီ၊ ငါ့ညီကိုများ ဒီအိမ်ထဲ ခေါ်လာရဲတယ်လား။ ဒီမှာ၊ တရားခံက ဒီကောင်ပဲ"

ယွမ်ချန်လင် ရှောင်ရှင်းနား ပြေးလာခဲ့သည်။ ပေါက်ကွဲလုမတတ် ဒေါသတွေကို မင်ယွီ့အား ဆွဲထိုးလိုက်ခြင်းဖြင့် ဖြေလျှော့ပြီးမှ-

"ရှောင်ရှင်း မင်း အဆင်ပြေရဲ့လား၊ အများကြီး ကြောက်နေလား၊ မင်း ဘယ်နား ထိခိုက်သွားသေးလဲ၊ ဒီကောင် မင်းကို ဘာလုပ်လိုက်သေးလဲ"

ယွမ်ရှင်းရန် သူ့အား စိုးရိမ်တကြီး ဖြစ်နေပုံရသော ကောကြောင့် ဆွံ့အသွားရသလို ကော သူ့ကို ဒီအိမ်ထဲမှာ တွေ့လိုက်ရလို့ စိုးရိမ်နေမှန်းလည်း ရိပ်မိလိုက်တာမို့ ခေါင်းအမြန်ခါပြလိုက်ရရင်း မင်ကောအား လက်ထိပ်ခတ်နေကြသော ရဲတွေကြောင့် ယွမ်ရှင်းရန် ယောင်ပြီး ထဆွဲမိမတတ် ဖြစ်သွားခဲ့ရပေမယ့် ကောကသာ သူ့ကို wheelchair ပေါ်မှ ကောက်ပွေ့လိုက်ကာ-

"အဲ့ကောင်ကို ထောင်ထဲထည့်ပေး။ ကျွန်တော် ခဏနေ စခန်းလိုက်ခဲ့မယ်"

"ကော ဘာလုပ်နေတာလဲ။ မင်ကောကို ဘာလို့ ဖမ်းနေကြတာလဲ။ ကျွန်တော် ဘာမှမဖြစ်ဘူး"

မင်ယွီ ဒေါသတကြီး ရဲတွေလက်ထဲမှ ရုန်းကန်နေသလို ခြံစောင့်ဦးလေးခမျာ မျက်လုံးအပြူးသား ဖြစ်နေရသည်။

ယွမ်ချန်လင် သူ့ကားပေါ်သို့ ရှောင်ရှင်းကို တင်လိုက်ပြီး သူပါ ဝင်ထိုင်လိုက်တော့ကာ ဒရိုင်ဘာကို ခြံထဲမှ မောင်းထွက်ခိုင်းလိုက်တော့သည်။

ထို့အတွက် ယွမ်ရှင်းရန် ကားမှန်ကို သူ့လက်နဲ့ ရိုက်ခွဲဖို့ ကြိုးစားနေမိကာ ကားထဲမှနေ အသံကွဲမတတ် အော်ဟစ်နေမိသည်။

Hang the Star in the Sky [Completed]Where stories live. Discover now