Chapter 5

813 48 36
                                    

ရိုက်ကွင်းရှုတင်ဆိုက်၏ နားနေရာ အခန်းများ၌ ညနက်ချိန်တွင် အိပ်မောကျသူများဖြင့် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

ထိုအခန်းတွေထဲရှိ တစ်ခန်း၌မူ ဆူညံသံအချို့ ထွက်လာခဲ့သော်ငြား ပုံမှန်အတိုင်း ပြန်လည်တိတ်ဆိတ်သွား၏။ ထိုသို့ဖြင့်ပင် မနက်ငါးနာရီသို့တိုင် ရောက်ရှိသွားခဲ့သည်။

ယွမ်ရှင်းရန်အတွက် ရိုက်ကူးရေးရှိတိုင်း အစောကြီး ထနေရတာကြောင့် နှိုးစက်မလိုဘဲ နိုးလာခဲ့၏။ သို့ပေသိ ညက အသောက်များသွားသည့် အရှိန်ကြောင့် မျက်လုံးတွေ မဖွင့်နိုင်သလို ခန္ဓာကိုယ်ကပါ နေလို့ သိပ်မကောင်းချင်။

ထို့ကြောင့် သူ ခွထားသည့် ဖက်လုံးကိုသာ ဆက်ခွထားလိုက်ကာ ဟန်ကော လာနှိုးမှပဲ ထဖို့လုပ်ရင်း တရေးပြန်အိပ်သည်။ အိပ်တစ်ဝက် နှိုးတစ်ဝက်နှင့်အတူ ခွထားသည့် ဘေးကဖက်လုံးကိုလည်း ခြေဖြင့်ထုရိုက်ကာ ဖိညှစ်နေသည်။ ထို့အတွက် ကုတင်ထက်၌ ခြူသံများ မတိုးမကျယ် ထွက်‌ပေါ်နေတော့၏။

"အား၊ ကျစ်၊ ဒီကလေး ဘာလို့ အဲ့နေရာကိုပဲ ညှစ်နေတာလဲ မသိဘူး၊ ငါ့ဟာ တကယ်ကျိုး‌တော့မှာပဲ"

မင်ယွီတစ်ယောက် သူ့ကို ခွထားရုံမက ခြေဖြင့်ကန်နေသည့် ရှောင်ရှင်း၏ ခြေထောက်ကို ဖိထားရသလို သူ့bathrobe အောက်က သူ့ညီလေးကို ဘာထင်ပြီးများ ညှစ်နေလဲ မသိသော ရှောင်ရှင်း၏လက်ကိုလည်း ဆွဲထားရသည်။ ဆွဲသာဆွဲနေရသော်ငြား ရှောင်ရှင်းခန္ဓာကိုယ်ပေါ်၌ အဝတ်အစား လုံးဝမရှိတာမို့ ရှောင်ရှင်း၏ အဓိကနေရာများကို မကိုင်မိအောင်၊ မကြည့်မိအောင် အတော်ကြိုးစားရ၏။

"ဒီကလေးနဲ့တော့ ဒုက္ခပဲ၊ ‌ရှောင်ရှင်း ထတော့၊ ကိုယ့်ဟာကို အဲ့လိုမညှစ်နဲ့တော့"

တစ်ညလုံး ထိုကလေး အခုလို ပြုမူနေတာ သူ့အတွက် အဆင်မပြေသလို အခုလို မနက်ခင်း၌ ပိုလို့ပင် အဆင်မပြေဖြစ်ရသည်။ သူ့ညီလေး၏ နိုးကြားတက်ကြွလာချိန်ကို ရှောင်ရှင်းက ပိုတောင် အကြိုက်တွေ့နေသည့်အလား လက်ဖြင့်စိမ်‌ပြေနပြေ ဖိဖိညှစ်နေခဲ့သည်။

သူ့အား တစ်ယောက်ယောက် လာနှိုးနေတာ ကြားလိုက်သလိုမို့ ယွမ်ရှင်းရန် သူ့လက်ထဲက သူ စိတ်ပင်ပန်းတိုင်း၊ စိတ်ညစ်စရာရှိတိုင်း ညှစ်နေကျ စိတ်ဖြေပစ္စည်းကို လွှတ်လိုက်ပြီး တစ်ဖက်လှည့်အိပ်သွား၏။ ထို့‌နောက်မှ ညအိပ်တိုင်း အဝတ်မပါဘဲ အိပ်နေကျမို့ သတိကပ်သွားကာ ဟန်ကောဆိုလည်း သူ့ဗလာကျင်း အခြေအနေကိုတော့ မပြချင်တာကြောင့် စောင်ကို ရင်ဘတ်ထိ ဆွဲခြုံလိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။

Hang the Star in the Sky [Completed]Where stories live. Discover now