Final

1.7K 68 109
                                    

ဒီနှစ်၏ အောင်မြင်ကျော်ကြားမှု အကြီးမားဆုံးနှင့် လူထုကို အလွှမ်းမိုးနိုင်ဆုံး အနုပညာရှင်ကို ပြပါဆိုလျှင် မင်းသားယွမ်ရှင်းရန်ကိုသာ ပြောစမှတ်ပြုကြရမည်ဖြစ်သည်။

မနှစ်က နှစ်လယ်၌ ရိုက်ကူးပြီးစီးခဲ့သည့် ကောင်းကင်ထက်က ကြယ်ကလေး ဇာတ်ကားကို ဒီနှစ်ဦးပိုင်းတွင် ပြသခဲ့သည်။ ဒါရိုက်တာမင်ယွီ၏ နိုင်ငံတကာကိုပါ ချပြခဲ့သည့် ထိုဇာတ်ကားက ထင်ထားတာထက်ပင် တရှိန်ထိုး အောင်မြင်ခဲ့၏။ ထိုကားကို ကြည့်မိခဲ့ကြသည့် ဖန်မဟုတ်သည့် ပရိသတ်များပင် မင်းသား၏ သရုပ်ဆောင်ပီပြင်လွန်းမှုကြောင့် မျက်ရည်ကျခဲ့ရသည့်အထိ ဖြစ်ခဲ့ကြရာမှ ထိုမင်းသား၏ ဖန်တွေ ဖြစ်လာကုန်ကြသည်။ ထိုမင်းသား၏ တကယ့်ဇာတ်ကြောင်းကို သိကြရချိန်၌ ထိုကဲ့သို့ ခံစားနေရ‌သော နာတာရှည်ဝေဒနာရှင်များ၏ စိတ်ကို အကြီးအကျယ် လှုပ်ခတ်နိုင်ခဲ့၏။ ကုသမှုကို ဆက်လက်ခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ကြသည့် လူနာနှင့် လူနာရှင်များပင် ရှိလာကြသည်။

ယွမ်ရှင်းရန်ထံသို့ အားပေးစာ များစွာသာမက ရင်ဖွင့်စာများစွာပင် ထိုကားပြသနေချိန်ကတည်းကနေ အခုထက်ထိ မြောက်မြားစွာ ရောက်ရှိလာခဲ့ကြပြီး ရှောင်ရှင်းက သူတို့အားလုံးအတွက် မျှော်လင့်ချက်ရောင်ခြည်လေးလို ဖြစ်စေခဲ့သည့်အထိ ဂယက်ကြီးခဲ့လေသည်။

ထိုကားဖြင့် ဆုပေါင်းများစွာ သိမ်းပိုက်ခဲ့သလို ထိုကား ထုတ်လွှင့်ပြီးချိန်၌ ယွမ်ရှင်းရန်၏ မသန်စွမ်းဝေဒနာရှင်များနှင့် ပတ်သက်ပြီး public figure တစ်ယောက်အနေဖြင့် လှုပ်ရှားမှုများစွာ ရှိခဲ့သည်။ သူကိုယ်တိုင် ဆေးရုံတွေထိ လိုက်လံအားပေးခဲ့မှုများလည်း ရှိခဲ့ပြီး သူ့ကဲ့သို့ မျှော်လင့်ချက်ရှိနိုင်သေးသည့်သူများကို အားမလျှော့စေဖို့အတွက် အင်တာဗျူးပေါင်းများစွာနှင့် ဆိုရှယ်မီဒီယာများကနေပါ အစွမ်းကုန် ကြိုးစားခဲ့သည်။

ထိုကဲ့သို့ အောင်မြင်မှုကြီးမားလာချိန်၌ ယွမ်ရှင်းရန် အနုပညာအလုပ်တွေကို ဒီနှစ်နှစ်လုံး မနားတမ်း ဆက်တိုက်လုပ်ဖြစ်‌နေခဲ့၏။ သူ ထိုကဲ့သို့ နောက်ဆံမတင်းဘဲ လုပ်နိုင်ရန်အတွက် မင်ကောက သူနဲ့တွဲထွက်ခဲ့သည့် ဇာတ်ကားပြီးကတည်းက သမီးကိုသာ အချိန်ပြည့် စောင့်ရှောက်ပေးခဲ့သည်။

Hang the Star in the Sky [Completed]Where stories live. Discover now