Chapter 3

844 47 37
                                    

ရှုတင်ဆိုက်၏ နားနေခန်းထဲ၌ မိုးမိထားလို့ နှာမွှန် နှာချေဖြစ်နေရ‌သော ယွမ်ရှင်းရန်အား ဟန်ကောတစ်ယောက် ရှောင်ရှင်း၏ စိုနေဆဲ ဆံပင်များကို လေမှုတ်ပေးနေရင်း ဒါရိုက်တာကြီး ဘာလုပ်လုပ် ရုပ်ရှင်ကား ရိုက်ကူးပြီးသည့်အထိတော့ သည်းခံဖို့ ဖျောင်းဖျနေရသည်။

ထို့ကြောင့် ယွမ်ရှင်းရန် သူ့ဒေါသများကို ဟန်ကောအား ချပြမနေတော့ဘဲ ရင်ထဲ၌သာ တေးထားမိတော့၏။

ဒီမနက်ပိုင်းက တွဲဖက်မင်းသမီး၏ အခန်းများကိုသာ အရင်ရိုက်ကူးရမှာဖြစ်၏။

ထို့‌ကြောင့် သူ ရှုတင်ဆိုက်အား ပတ်ကြည့်နေမိသည်။ ထိုစဉ် မင်ကောကို ဖုန်းပြောရင်း တစ်‌ယောက်တည်း ရပ်နေတာကို တွေ့လိုက်ရတာကြောင့် ထိုလူ့နောက်သို့ တိတ်တိတ်လေး လျှောက်လာခဲ့လိုက်ပြီး မနက်က ကိစ္စအတွက် တစ်ချက်လောက် ဖင်ပိတ်ကန်ပစ်ဖို့ အကြံထုတ်လိုက်သည်။

"ဒီဘဲအိုကြီး ဒီတစ်ခါတော့ ငါ့လက်က လွတ်ရိုးလား။ သေပြီသာမှတ်"

သို့သော်ငြား သူများမကောင်းကြံ ကိုယ်အရင်ထိ ဆိုသလိုပင် ယွမ်ရှင်းရန် ပိတ်ကန်ဖို့ပဲ ဇောနဲ့ လျှောက်လာစဉ် သူ့အောက်က ရေညှိတွေကို မမြင်လိုက်တာကြောင့် ဖင်ထိုင်ရက် ကျတော့မလိုဖြစ်သွားသော်လည်း. . .

"O M G !"

ဖျတ်ခနဲ လှည့်ကြည့်လာသော မင်ယွီပင် အလန့်တကြား ဖြစ်သွားကာ ဗိုင်းခနဲ လဲတော့မည့် ရှောင်ရှင်းအား ခါးကနေ ဆတ်ခနဲ ဖမ်းထိန်းပေးလိုက်ပြီး သူ့ရင်ခွင်ထဲသို့ အမြန်ဆွဲသွင်းလိုက်မိ‌သွားသည်။

"ဟဲဟဲ၊ ဒါရိုက်တာကြီးပါလား"

ယွမ်ရှင်းရန် မင်ကော၏ လက်မောင်းကို ကိုင်စရာ တန်းအမှတ်နဲ့ အလန့်တကြား ဆုပ်ကိုင်ထားမိတာမို့ သူ့ထက် တော်တော်လေး အရပ်ရှည်သော ထိုလူ့ကို မော့ကြည့်လိုက်ပြီး မျက်နှာချိုသွေးလိုက်ရသည်။

မင်ယွီတစ်ယောက် စပ်ဖြဲဖြဲလာလုပ်ပြနေသော သူ့လက်မောင်းတွေကြားမှ ကောင်လေးကို ငုံ့ကြည့်လိုက်ရင်း လက်ထဲက ဖုန်းကို ချလိုက်၏။

ထို့နောက် မင်ယွီ၏ နှုတ်ခမ်းအစုံ တွန့်ချိုးသွားကာ သူ့လက်မောင်းတွေနဲ့ ထိန်းဖက်ထားသည့် ကောင်လေးကို ဝုန်းခနဲ လွှတ်ချလိုက်တာကြောင့် ယွမ်ရှင်းရန် ရေညှိတွေကြားထဲ ဖင်ထိုင်ရက် ပစ်လဲသွားတော့သည်။

Hang the Star in the Sky [Completed]Where stories live. Discover now