Chapter 9

719 50 40
                                    

"ရေ မ ချိုး ပါ ဘူး ဆို ! ! !"

မနက်စာစားပြီးလို့ ခဏအကြာမှာပင် ယွမ်ရှင်းရန် သူ ဂျင်းကျွေးခံခဲ့ရမှန်း သိလိုက်ရပြီမို့ မင်ကောအား ကျုံးအော်နေပြီး ပွေ့ထားသော လက်ပေါ်၌ ကော့ကလန်ထိုးနေတော့သည်။

"ဟေ့၊ ပြုတ်ကျမယ်လေ"

ယွမ်ရှင်းရန် မင်ကောလည်တိုင်ကို သူ့လက်နှစ်ဖက်နဲ့ ချိတ်တွယ်ထားရင်း ရေချိုးခန်းထဲ မသွားရဖို့အတွက် မင်ကောလည်ပင်းကို ကုန်းကိုက်လိုက်၊ မင်ကောနားရွက်နားကပ်ပြီး စူးနေအောင် အော်လိုက်လုပ်နေတာကြောင့် မင်ယွီခမျာ ဒီကပြန်ရင် နားဆေးခန်း ဝင်ပြရတော့မလားတောင် တွေးနေရပြီ။

သူ ဒီနှစ်ရက်အတွင်း သိလိုက်ရတဲ့ အမှန်တရားတစ်ခုက ရှောင်ရှင်းဆိုသည်မှာ အရမ်းကို အသံအောင်ပြီး တအားကို ငိုနိုင်လွန်းတယ်ဆိုတာ လက်ခံလိုက်ရပြီမို့ ဆုံးဖြတ်ချက်တစ်ခု‌ ချလိုက်ပြီးပြီ။ ထိုက‌လေးနဲ့သူ့ရဲ့ မင်္ဂလာဦးညကျရင်တော့ သေချာပေါက် အသံလုံအခန်းကို booking လုပ်ထားမှပဲ အဆင်ပြေလိမ့်မယ်။

"မား လာတော့မှာမလား၊ မား လာမှ ရေပတ်တိုက်လိုက်မယ်၊ မချိုးချင်ပါဘူးဆို"

ထိုကလေးက ကျယ်‌လောင်စွာ စငိုပြီမို့ နဖူးကို ငုံ့နမ်းကာ ချော့လိုက်ရင်း ရေချိုးခန်းထဲ မနည်းပွေ့ခေါ်လာခဲ့ရသည်။ ရှောင်ရှင်းက သူ့အတွက်ဆို ပေါ့ပေါ့လေးပေမယ့် ခုလိုမျိုး အရမ်းကို ရုန်းကန်နေရင်တော့ မနည်းထိန်းရသည်။ အခုလိုအချိန်၌ မင်ယွီ သူ့ကိုယ်သူ အရင်က အားကစားလိုက်စားခဲ့မိတာအတွက် လက်မောင်းတွေက သူများထက် အားသန်နေတာကို ကျေးဇူးတင်မိသွားသည်။

"မငိုပါနဲ့၊ ကိုယ် မနက်ပိုင်း စောင့်ပေးဖြစ်တုန်း ချိုးပေးသွားချင်လို့ကို၊ ဘာလို့ အဲ့လောက် ညစ်ပတ်ချင်နေရတာလဲ။ အိုက်ယား၊ မင်းက ရေကြောက်တဲ့ ခွေးလေးကျနေတာပဲ"

ရှောင်ရှင်း၏ သီးသန့်ခန်းက အဆင့်မြင့်ဆုံး ဆေးရုံကမို့ ရေချိုးခန်းထဲမှာပင် bathtub ရှိပြီး ကုတင်ဘေးက ပြတင်းပေါက်ကအစ မှန်ချပ်တွေနဲ့ ကွန်ဒိုတိုက်ခန်းပုံစံ ပြုလုပ်ပေးထားတာကြောင့် သေချာကြည့်ရင် ဆေးရုံခန်းနဲ့တောင် မတူဘဲ ပုံမှန်အိပ်ခန်းလို့တောင် ထင်ရသည်။

Hang the Star in the Sky [Completed]Where stories live. Discover now