Chapter 6

779 51 46
                                    

ယွမ်ရှင်းရန် ခြံဝင်းထဲ ပြန်ဝင်လာခဲ့ချိန် သူ့အစ်ကိုငယ် ခြံထဲ ပြေးထွက်လာတာအား တွေ့လိုက်ရ၏။

"အဲ့ကောင် သွားပြီလား"

"သွားပြီ"

ယွမ်ရှင်းရန် ကိုငယ်နှင့် စကားများများ မပြောချင်တာကြောင့် အိမ်ထဲပြန်ဝင်ရန်အလုပ် ကိုငယ် သူ့အား မဲလာ၏။

"တောက်၊ မင်းရောက်လာတာနဲ့ အိမ်က ကျက်သရေအဖြာဖြာတုံးတာပဲ"

"ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

"နောက်ဆို အိမ်ပြန်မလာနဲ့၊ မင်း မွှေသမျှ ပြဿနာတွေကို လိုက်ရှင်းပေးဖို့ ဘယ်သူမှ အားမနေဘူး"

ယွမ်ရှင်းရန် သူ့အစ်ကိုအား ပိတ်တွန်းလိုက်မိတော့သည်။

"ကော ဘယ်တုန်းကများ ကျွန်တော့်ပြဿနာတွေကို ရှင်းပေးဖူးလို့လဲ၊ ဘယ်တုန်းကများ ဂရုစိုက်ဖူးလို့လဲ၊ ကျဲကျဲရှိလို့ အိမ်ပြန်လာတာ၊ မမြင်ချင်ရင် ထွက်သွား"

"အကြီးကို လက်ပါရဲတယ်၊ ခွေးကောင်"

ယွမ်ချန်လင် သူ့ညီဆီ မင်ယွီ့အပေါ် ထွက်နေသမျှ ဒေါသအားလုံး စိတ်ဖြေလိုက်သည့်အလား ထိုးကြိတ်နေမိ၏။ သို့သော်ငြား သူ့အား ဘယ်တော့မှ အလျှော့မပေးသည့် ကျက်သတုံးကလည်း အကြီးကို အကြီးမှန်းမသိစွာ ပြန်လည်ထိုးကြိတ်နေခဲ့တာကြောင့် ခြံဝင်းထဲရှိ မြက်ခင်းပြင်ပေါ်၌ ညီအစ်ကိုနှစ်ယောက် အထက်အောက် တစ်လှည့်စီ လူးလှိမ့်နေကြသည်။

ထိုမြင်ကွင်းအား အခုမှ ခြံထဲဝင်လာသည့် အကြီးဆုံးအစ်ကို စိတ်ပျက်စွာသာ ခေါင်းရမ်းကြည့်လိုက်ရင်း အိမ်ထဲတန်းဝင်သွားတော့သည်။

"ကလေးတွေလည်း မဟုတ်တော့ဘဲနဲ့ ဒီနှစ်ယောက် အခုထိ ဒါမျိုးတွေ လုပ်နေကြတုန်းပဲ"

အမြဲလိုလို ရန်စောင်နေတတ်ကြသည့် ထိုညီအစ်ကိုနှစ်ယောက်ကြောင့် ယွမ်အိမ်၌ ထိုနှစ်ယောက်ဆုံလျှင် အခုလို သတ်ပွဲဖြစ်ကြရသည်။

လွန်ခဲ့သည့် နှစ်များစွာ၌ ယွမ်အိမ်တွင် ရှောင်ရှင်းပျောက်ဆုံးမှု ဖြစ်ပြီးကတည်းက မိဘတွေက ရှောင်ရှင်းကိုဆို သဲသဲလှုပ် ဂရုစိုက်လာကြပြီး ရှောင်ရှင်းကို ပျောက်အောင် လုပ်မိသလို ဖြစ်သွားသည့် ချန်လင့်ကို အခုချိန်ထိ စကားဆက်မိတိုင်း ဆူပူနေတတ်သည်။

Hang the Star in the Sky [Completed]Where stories live. Discover now