Chapter 16

795 53 54
                                    

ဝမ်းနည်းပင်ပန်းမှုများကြောင့် အိပ်ပျော်သွားခဲ့သည့် ယွမ်ရှင်းရန်၏ မျက်လုံးများ ပြန်ပွင့်လာသလို နားရွက်များပါ ထောင်လာသည်။ သူ့အိပ်ခန်းအပြင်၌ ဧည့်ခန်းရှိသည်။ ထိုဧည့်ခန်းထဲက ကျဲကျဲ၏ အသံကို ကြားလိုက်တာကြောင့် သူ ကျဲကျဲနား သွားဖို့ wheelchair ပေါ်သို့ လျင်မြန်စွာ ပြောင်းဆင်းလာခဲ့သည်။

Wheelchair ပေါ်ကနေ အခန်းတံခါးလက်ကိုင်ကို လှမ်းဖွင့်ဖို့ လက်မြှောက်လိုက်ချိန်၌ ဧည့်ခန်းထဲက ပါးပါးအသံကိုပါ ကြားလိုက်ရ၏။ ကောတို့အသံကိုလည်း ကြားနေရ၏။ ထို့ကြောင့် သူ အခန်းတံခါးကို အသံမထွက်အောင် လှည့်ဖွင့်လိုက်ကာ အပြင်ဖက်သို့ တိတ်တိတ်လေး ချောင်းလိုက်မိပြီး လူအစုံရှိနေကြတာကို မြင်လိုက်ရသည်။

ဧည့်ခန်းထဲ၌ တစ်ယောက်တစ်မျိုး ပြောနေကြသည့် သူ့သားသုံးယောက်နှင့် ရှန်လီ့ကို ယွမ်ပါး လက်ထောင်ပြကာ တိတ်တိတ်နေတော့ဖို့ အချက်ပေးလိုက်သည်။

သူ မင်ယွီ့အဖေလာသွားသည့်အကြောင်းအရင်းကိစ္စကို သူ့ကလေးတွေအား ပြောပြနေခြင်းဖြစ်တာကြောင့် သူ့သားအလတ်ကောင်ကဲ့သို့ပင် ကျန်သည့်သားသမီးများကလည်း ထိုကိစ္စကို အပြင်းအထန် ကန့်ကွက်နေကြတာမို့ တစ်ယောက်တစ်မျိုး ဆူညံနေကြတာဖြစ်သည်။

"ဟုတ်ပြီ၊ ငါ မေးတာကို သေချာဖြေကြ၊ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ငါနဲ့မင်းအမေက အသက်ကြီးနေပြီ၊ ရှောင်ရှင်းကိုလည်း ငါ့ကလေးအားလုံးထဲမှာ အထိန်းခဲ့ရဆုံးလိုပဲ။ ဒီကလေးပဲ တစ်ခုပြီးတစ်ခု ဖြစ်နေခဲ့တာ။ ငါတို့တော့ အခုအရွယ်မှ ရှောင်ရှင်းကို သိပ်မထိန်းနိုင်တော့ဘူး၊ အများကြီးလည်း လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ ရှန်လီမပါဘူး၊ မင်းတို့သုံးယောက်ထဲက ဘယ်သူက ရှောင်ရှင်းကို အပြီးခေါ်ပြီး စောင့်ရှောက်ပေးထားမှာလဲ၊ နေမကောင်းတဲ့ကလေးက တစ်အိမ်ပြီးတစ်အိမ် ရွှေ့နေဖို့တော့ အဆင်မပြေဘူး။ မင်းတို့ထဲက တစ်ယောက် တာဝန်ယူခေါ်ထားပေးမယ်ဆိုရင်တော့ ငါ ဒီမင်္ဂလာပွဲကို လက်မခံဘူး"

သုံးယောက်လုံး သူတို့ဖက် မြားဦးလှည့်ခံလိုက်ရသည့်အတွက် အိုးတိုးအန်းတန်း ဖြစ်သွားကြသည်။ ယွမ်ရှင်းရန်ပင် မင်ကော အခုလို သူ့အား တရားဝင် လာတောင်းရမ်းခဲ့တာကို သိလိုက်ရသည့်အတွက် အံ့ဩလျက်ရှိသည်။

Hang the Star in the Sky [Completed]Where stories live. Discover now