Chapter 20

754 48 41
                                    

ရေစိမ်ကန်ထဲ၌ ဆယ့်ငါးမိနစ်ခန့် ရေချည်းသာ တကယ်စိမ်ပြီး နေနေရသည့် ယွမ်ရှင်းရန်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းလျက်ရှိ၏။ ချမ်းလည်းချမ်းနေပြီဖြစ်၏။

ရေချိုးခန်းထဲရှိ သူ့ bathtub ဘေး၌ မင်ကောက အဝတ်ထိုင်လျှော်နေသည်။

ယွမ်ရှင်းရန် မင်ကောအား အတွင်းခံတောင်မပါဘဲ စိမ်နေရင်း မသိမသာ မြှူဆွယ်လျက်ရှိသော်ငြား မင်ကောက သတိထားမိခြင်း မရှိတာလား၊ အဲ့အဝတ်တွေက နောက်မှ လျှော်ရင်ရော မရတာလား မသိအောင် သူ့ကို အဝတ်လောက်တောင် ဂရုမစိုက်ပေ။

ထို့အတွက် သူ စိတ်တိုလာတော့ကာ ‌ကန်ထဲက ရေတွေကို ဘန်းခနဲ ဘန်းခနဲ ထုရိုက်နေမိသည်။

မင်ယွီ လျှော်လက်စများအား ချက်ချင်း ချလိုက်ပြီး ရှောင်ရှင်းနား ထလာခဲ့ရ၏။

"ဘာတွေစိတ်ကြီးနေပြန်ပြီလဲ၊ စိမ်လို့ဝပြီလား၊ ခဏနေရင်တော့ ကန်ထဲက ထွက်တော့၊ အအေးပတ်မယ်"

ယွမ်ရှင်းရန် မင်ကောအား မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း မင်ကောက အခွင့်အရေးကို အသုံးမချတတ်ပါလားဟု အားမလိုအားမရ ဖြစ်လာမိ၏။

"ကျွန်တော့်ဟိုနေရာက တစ်ခုခုရှိနေတာလား မသိဘူး၊ မင်ကော ထိုးကြည့်ကြည့်"

"အာ"

မင်ယွီ နေလို့ထိုင်လို့တကယ်မကောင်းတော့ပါပေ။ ခုတောင် Bathrobe အောက်ရှိ သူ့ညီလေးက ဆန္ဒပြနေတာကြောင့် သူ ရှောင်ရှင်းနားမှာ ရှိနေမှလည်း ဖြစ်မှာမို့ အာရုံပြောင်းအောင် အဝတ်လျှော်နေရကာ သူ့ခြေထောက်တွေကို စိထားရသည်။ ထိုကဲ့သို့ ကြိုးစားနေရချိန်၌ ရှောင်ရှင်းက ခေါင်းမော့လိုက်၊ ပေါင်ကားလိုက် လုပ်နေတာမို့ သူ ဖက်နမ်းပစ်ချင်နေပါသည်ဆိုကာမှ အခုထိုးကြည့်ခိုင်းနေပြန်၏။

မင်ယွီ ထိုကလေး၏ ကျောကို bathtub ဘောင်၌ မှီထားစေလိုက်ပြီး ရှောင်ရှင်း၏ အနောက်ရပ်ဝန်းကို သေချာတောင် မကြည့်ရဲဘဲ ထိုနား၌ သူ့လက်ကို ထိရုံသာ ထိထားမိရင်း-

"ဝမ်းသွားချင်လို့လား"

"မသိဘူး! မသိလို့ ထိုးကြည့်ခိုင်းနေတာကို! စိတ်တိုလာပြီနော်!!!"

Hang the Star in the Sky [Completed]Where stories live. Discover now