Chapter 22

804 51 60
                                    

"ပါးပါးကို မိပြီ၊ ပါးပါး သမီးကိုချီ"

မင်ယွီ သူ့ကွန်ပျူတာရှေ့ထိုင်ရင်း စိတ်နှစ်ပြီး စာရိုက်နေ၏။ နောက်ဆုံးတော့ သူ သုံးနှစ်လောက်အချိန်ရရင် ရသလို ဖြည်းဖြည်းချင်း ရေးနေခဲ့သည့် ဇာတ်ညွှန်း၏ အဆုံးသတ်ကို ရောက်သွားခဲ့ပြီမို့ "ပြီးပါပြီ" ဟု စာတမ်းထိုးနိုင်သွားပေပြီ။

သူ့အလုပ်စားပွဲ၏ အပြင်ဖက်ရှိ ခြံဝင်းလေးထဲ၌ ခြူသံတွေ အရင်ထက် ပိုဆူညံလျက်ရှိသည်။ သမီးတစ်ယောက်တည်းရဲ့ ခြူသံပဲ မဟုတ်တော့ဘဲ ရှောင်ရှင်း၏ နှစ်ပေါင်းများစွာ တိတ်ဆိတ်သွားခဲ့သည့် ခြူသံတွေပါ ဆူညံစွာ ထွက်ပေါ်နေခြင်းဖြစ်၏။

မင်ယွီ ပြတင်းပေါက်မှတဆင့် ပြေးဆော့နေသည့် သားအဖကို မေးထောက်ကြည့်နေမိသည်။ ရှောင်ရှင်းကို သူ လက်လွှတ်လို့ရပြီးကတည်းက ရှောင်ရှင်းက ခုနစ်နှစ်လောက် ထိုင်နေခဲ့ရတာကို အတိုးချပြေးနေသည့်အလား သမီးနဲ့ ‌အချိန်ပြည့်ဆော့ပေးနေတော့သည်။ နဂိုကတည်းကမှ မျောက်လောင်းနဲ့တူသည့် သမီးက အခုဆို စာအုပ်တောင် မကိုင်ချင်တော့။

သမီးကို ချီပြီး ရယ်မောနေသည့် ထိုမြင်ကွင်းလေးက မင်ယွီ့အား အမောပြေစေလျက်ရှိသည်။

ရှောင်ရှင်းက သမီးလေးကို တစ်ချိန်လုံး ချီချင်နေ၏။ သမီးက အကြာကြီး ချီပ်ိုးရမည့်အရွယ်မဟုတ်တော့တာမို့ သမီးကို အချိန်ပြည့်ချီထားတတ်သည့် ရှောင်ရှင်း၏ ထိုအပြုအမူကိုတော့ မင်ယွီ စိတ်ပူလျက်ရှိသည်။ သမီးက အရမ်းမထွားသော်လည်း အရမ်းတော့လည်း မသေးတော့ပေ။ သူတောင် သမီးကို အကြာကြီး သိပ်မချီဖြစ်တော့တာကြောင့် ရှောင်ရှင်းခါးနာသွားမှာ သူ စိုးရိမ်မိသည်။

"မင်ကော ကျွန်တော် ဘာလုပ်ပေးရမလဲ"

သမီးလေးကို ချပေးလိုက်ပြီး ယွမ်ရှင်းရန် မင်ကောနား လျှောက်လာသည်။

"သမီးကို နိုင်ရဲ့လား၊ ခါးနာဦးမယ်"

"နိုင်ပါတယ်ဆို၊ သမီး ဒီထက်မကြီးခင်တော့ ချီနေဦးမှာ"

ယွမ်ရှင်းရန် မင်ကောအလုပ်စားပွဲ၏ အဖျား၌ တင်ပလွှဲဝင်ထိုင်လိုက်ပြီး-

Hang the Star in the Sky [Completed]Donde viven las historias. Descúbrelo ahora