Chapter 13

712 42 27
                                    

ယွမ်ရှင်းရန်၏ မျက်လုံးအစုံ ဖြည်းညှင်းစွာ ပြန်လည်ပွင့်ဟလာခဲ့သည်။

သူ ဆေးရုံကို အချိန်မီရောက်ခဲ့တာမို့ ကုသမှု ချက်ချင်းရခဲ့တာကြောင့် တစ်ညလုံး သတိလစ်နေခဲ့ပြီးနောက် မနက်ပိုင်း၌ သတိပြန်ဝင်လာသည်။

"ရှောင်ရှင်း မင်း ဘယ်လိုနေသေးလဲ"

မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အစ်ကိုလတ်ကိုပင်။ ထို့အတွက် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်‌မိသည်။ အစ်ကိုလတ်တစ်ယောက်တည်းသာရှိတာမို့ မျက်နှာလွှဲလိုက်မိတော့သည်။

"ဘာလို့ အဲ့လိုတွေ လျှောက်လုပ်တာလဲ။ တစ်ခုခု လိုချင်တာ ဖြစ်ချင်တာ ရှိရင် ကောတို့ကို ပြောပြလေ။ ဘာလို့ အားလုံး စိတ်ပူရအောင် လုပ်ရတာလဲ။ မင်းအစ်မ တစ်ညလုံး စောင့်ပေးနေသေးတယ်။ အခုမနက်မှ ကုမ္ပဏီ ပရောဂျက်အတွက် မဖြစ်မနေသွားရလို့ ထွက်သွားတာပါလို့ ပြောပေးပါလို့ မှာသွားတယ်။ ပါးတို့လည်း အစက လိုက်လာဦးမလို့ပဲ၊ မင်း အဆင်ပြေသွားပြီဆိုမှ မလိုက်ခဲ့တော့တာ။ ရှောင်ရှင်း ကော ပြောနေတာတွေ ကြားရဲ့လား။ မင်း တစ်ခုခုဖြစ်တယ်ဆိုရင် ကောကိုပြောလေနော်"

"ကောတို့က ကျွန်တော့်ကို မချစ်ဘူး။ ကော တစ်ခါတောင် ညဖက်တွေ ကျွန်တော် ညရေးညတာ အဆင်ပြေရဲ့လား လာကြည့်ဖူးလား၊ ကျွန်တော့်ကို ဒီတစ်လလုံး အပြင်တစ်ခါလိုက်ပို့ဖူးလား၊ အခုလို ကျွန်တော် ခံစားနေရတာကို သိနေရက်နဲ့တောင် တစ်ခါလောက် လာနှစ်သိမ့်ပေးဖူးလား။ ကောတို့က ကျဲကျဲကိုပဲ ဂရုစိုက်ကြတယ်။ အဲ့လိုခွဲခြားဆက်ဆံနေတာ မြင်ရတော့ နာကျင်ရတယ်။ ထွက်သွား၊ အခုမှ လာပူပန်ပြမနေနဲ့၊ ထွက်သွားဆို။

ကျွန်တော့်မန်နေဂျာနဲ့တုန်းကတောင် ကျွန်တော် ဒီထက် ပိုဂရုစိုက်ခံခဲ့ရ‌သေးတယ်။ အဲ့ဒါမို့ ကျွန်တော်လည်း အပြင်က အစ်ကိုတွေကိုပဲ ချစ်တယ်၊ ကောတို့ကို မချစ်ဘူး။ ထွက်သွား ! ! !"

စောင်ခေါင်းမြီးခြုံပြီး အော်ဟစ်နေသော ရှောင်ရှင်းကြောင့် အစ်ကိုလတ် ထရပ်လိုက်ရတော့သည်။ ဒီကလေးက သူတို့နဲ့ ဆယ်နှစ်ကျော်လောက်ကွာနေတာမို့ အရင်ကတည်းက အခုလို တအားဂျီကျချင်တဲ့ ရှောင်ရှင်းထက် လိမ်မာတဲ့ ရှန်လီ့ကိုသာ ပိုချစ်ခဲ့ကြခြင်းပင်။

Hang the Star in the Sky [Completed]Where stories live. Discover now