Chapter 10

777 45 31
                                    

ကားလမ်းမကြီးပေါ်၌ အရှိန်ဖြင့် မောင်းနှင်နေခဲ့သော အနက်ရောင် ကားတစ်စီးရှိသည်။ ထိုကားနက်ကြီးထဲ၌ကား ကမ္ဘာပျက်မတတ် သောင်းကျန်းနေသော ကောင်လေးတစ်ယောက်ကြောင့် မောင်းနှင်နေသူခမျာ ဖြစ်နိုင်ရင် သူ့နားနှစ်ဖက်ကို လက်နဲ့ပင် အုပ်ထားလိုက်ချင်နေသည်။

"ဘာလို့ အဲ့လောက် အသားကုန် ဆူညံနေရတာလဲကွာ၊ မောမယ်၊ တိတ်တိတ်နေပြီး လိုက်ခဲ့တော့။ ဒီတစ်ခါတော့ ကိုယ် မင်း ငိုနေလည်း လုံးဝ ပြန်ပို့ပေးမှာ မဟုတ်ဘူး"

ယွမ်ရှင်းရန် လုံးဝကို ဆောက်တည်ရာမရ ဖြစ်နေသည်။ ဒီလိုအခြေအနေမျိုးကို သူ တကယ်ကြောက်သည်။ ဂေးတွေနဲ့ တူတူမနေရဲတာမို့ ကားမှန်ကို အတင်းကုတ်ခြစ်နေပြီး ရပ်ပေးဖို့ ကျယ်လောင်စွာ အော်ဟစ်နေသလို ဖုန်းကလည်း ဟန်ကော ကားထဲမှာ ကျန်ခဲ့ပြီမို့ ကူကယ်ရာမဲ့နေသည်။

ထို့အတွက် ယွမ်ရှင်းရန် ငိုနေရာမှနေ မင်ကော ကားရပ်သွားဖို့ စတီယာတိုင်ကိုပင် ဆွဲလှည့်ပစ်ဖို့ လက်လှမ်းပြီးမှ သူ့လက်ကို အမြန်ပြန်ရုပ်လိုက်ရသည်။ ထိုသို့လုပ်လိုက်ရင် မတော်တဆ ကား accident ဖြစ်သွားမှာ ကြောက်၏။ တစ်ခုခုဖြစ်ရင် သူ သေသွားရင်က ဝဋ်ကျွတ်သွားပြီပေမယ့် မောင်းတဲ့သူက ပိုထိခိုက်သွားနိုင်တယ်ဆိုသည့် စိတ်ကြောင့် မင်ကော တစ်ခုခုဖြစ်မှာစိုးလို့ မလုပ်ရဲတော့။ သူ့လို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ပေ။

ထိုသို့နှင့်ပင် ဘာမှလုပ်မရ ထွက်ပြေးမရတဲ့ သူ့ဘဝကြီးကို စိတ်ကုန်လာပြီမို့ ယွမ်ရှင်းရန် မျက်ရည်စက်လက်စက်လက်နဲ့ပင် ကားမှန်ချပ်မှတဆင့် သူ့အား ဘယ်ကိုခေါ်သွားနေတာလဲကိုသာ လမ်းလိုက်မှတ်နေမိတော့သည်။ သို့ပေသိ တောက်လျှောက်မောင်းနေတဲ့ လမ်းမကြီးက တဖြည်းဖြည်း မှောင်မဲလာတာမို့ ဘယ်နေရာတွေမှန်း မသိတော့တာကြောင့် စိတ်ညစ်ပြီးသာ ထိုးအိပ်ပစ်လိုက်တော့သည်။

တစ်ကားလုံး အပ်ကျသံတောင် မကြားရတော့ပြီမို့ မင်ယွီ ‌ဘေးကိုစောင်းကြည့်ပြီး ကြိတ်ပြုံးလိုက်မိ၏။ နောက်ဆုံးတော့ ရှောင်ရှင်း လက်နက်ချသွားခဲ့တာလား၊ မောသွားလို့ ထပ်သောင်းကျန်းဖို့ အရှိန်ယူနေတာလားတော့ မသိ။

Hang the Star in the Sky [Completed]Where stories live. Discover now