part (06)

2.8K 117 2
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၆)
"အဲဒီကောင်မလေးက IG မှာ ဆယ်လီတဲ့ကွာ"

"ဟုတ်လား"?

"မင်းကြည့်ရတာ ဒီနေ့ မျက်နှာကြီးက တမျိုးကြီးပဲ။ဘာဖြစ်နေတာလဲ?
နေမကောင်းဘူးလား"?

စကားတွေ အပြန်အလှန် ပြောနေကြရင်းကနေ အားချစ်က သူ့လက်ဖဝါး ဖြူဖြူသွယ်သွယ်လေးတွေနဲ့ ကျတော့် နဖူးကိုပါ လာစမ်းသည်။

ဟူး.......စိတ်ကို မထိန်းနိုင်အောင် လုပ်လာပြီလား အားချစ်ရာ။
ကျတော် သူ့လက်ကို လှမ်းကိုင်လိုက်ကာ ကျတော့်နဖူးပေါ်မှ ဆွဲချလိုက်သည်။
ပြီးတော့ အဲဒီလက်ကို မလွှတ်ချင်၊ လွှတ်ချင်နှင့် လွှတ်ပေးလိုက်ရလေသည်။

"နေကောင်းပါတယ်။
ဘာမှ မဖြစ်ပါဘူး။"

"ဘာမှ မဖြစ်ဘူးလဲ?
ပြောသေးတယ်။
မင်း မျက်နှာကြီးက ဘာဖြစ်နေတာလဲ"?

ဘာဖြစ်နေရမှာလဲ?အားချစ်ရဲ့
ငါမင်းအတွက်ဆိုပြီး ဖန်တီးပေးထားတဲ့ စံပယ်ပန်းခက် ပန်းစည်းလေးက မင်းဆီကို မရောက်ဘူး ဆိုတဲ့ အသိက
ငါ့ကို နင့်နင့်နဲနဲ ခံစားရစေတာပေါ့။

ပြီးတော့ အဲဒီပန်းစည်းလေး ဘယ်ကို ရောက်သွားသလဲ?
ဘယ်သူယူသွားသလဲ? သိချင်မိတယ်။

ငါက မင်းအတွက် ဆိုပြီး ရည်စူးထားတာ ဒီတော့ မင်းအတွက်ပဲ ဖြစ်စေချင်တာပေါ့။

"ကဲ ရော့
ဒန် ဒန့် ဒန်"

ကျတော် အတွေးများနေတုန်း အားချစ်က သူ့နောက်‌ေကျာဘက်မှာ ဖွက်ထားသည့် ရှားစောင်းအသေးမျိုး ပန်းအိုးသေးသေးလေးကို ဖျတ်ကနဲ ထုတ်ယူလိုက်ပြီး ကျတော့် လက်ထဲကို လာထည့်ပေးလိုက်သည်။

"ဘာလဲကွာ"?

သူ ကျတော့်ကို ပန်းအိုး လက်ဆောင်ပေးတာမှန်းကိုလည်း သိသည်။ဒီနေ့ဟာ သူ ပထမဦးဆုံး ဆေးတက္ကသိုလ် စတက်သည့် နေ့လည်း ဖြစ်သလို၊ကျတော့်အတွက်လည်း လုပ်ငန်းခွင် စဝင်သည့် နေ့ ဖြစ်နေသည် မဟုတ်လား?။

ဒီတော့
သူက ကျတော့်ရဲ့ ပထမဦးဆုံး အလုပ် စ ,ဝင်သည့် နေ့အထိမ်းအမှတ်အဖြစ် ပေးတာလည်း ဖြစ်ပြန်သည်။
ဒါကိုသိတော့ ကျတော် သဘောကျမိသည်။ပြုံးစေ့စေ့ ဖြစ်ရသည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now