part (30)

2.1K 84 2
                                    

ခ,စားခွင့်ပြုပါ(BL Fiction)
အပိုင်း(၃၀)
ဒီနေ့က ပိတ်ရက် ဆိုတော့ အားချစ်တို့ သားအဖ နှစ်ယောက် အားချစ်တို့ အိမ်ကို ပြန်ရမည်ဖြစ်သည်။
ကျတော်လည်း အားချစ်တို့ အိမ်က ကျတော့် အခန်းလေးဆီသို့ ပြန်ရလိမ့်မည်။

ဒီနေ့အတွက်တော့ ကျတော်လည်း အပန်းဖြေအိမ်အတွက် ချက်စရာ၊ပြုတ်စရာ လိုတော့မည် မဟုတ်ပေ။
သို့ပေသိ မျက်စိက အကျင့်ပါနေပြီး မနက်အစောကြီး နိုးနေသည်။

ရေမချိုးခင် ခြံထဲက ပန်းပင်တွေကို ရေလောင်းလိုက်သည်။ကျတော်တို့ အားချစ်တို့ အိမ်ကို သွားနေမည့် ပိတ်ရက်နှစ်ရက်အတွင်း ခြံထဲက ပန်းပင်တွေကို ရေလောင်းမည့်သူ ရှိမှာ မဟုတ်ပေ။
ထို့ကြောင့် ဒီမနက်တော့ ရေလောင်းပေးခဲ့မှ ဖြစ်မည်။

ကျတော်ခြံထဲမှာ ရေလောင်းနေတုန်း၌ပင် သမီးကပါ ခြံထဲကို ထွက်လာသည်။

"ဒီနေ့ ဘွားဘွားကြီး တို့အိမ် သွားရမှာလား ဖေဖေ"

"ဟုတ်တယ်လေ ခင်ခင်"

"ဘိုးဘိုးကပြောတယ်။
ဒီတခါ ခင်ခင်လာရင် ခင်ခင်အတွက် ကားဝယ်ပေးထားမယ်တဲ့"

ပန်းပွင့်လေးတွေကို လက်နှင့် တို့ထိနေရင်းကနေ ခင်ခင်က ပျော်ရွှင်စွာ ပြောနေသည်။

"ပျော်လား သမီး"

"ပျော်တာပေါ့ ဖေဖေရဲ့"

"ဒီအိမ်နဲ့ ဟိုအိမ် ဘယ်အိမ်မှာ ပိုပျော်လဲဟင်"?

"ဟင် ဖေဖေကလည်း
ခင်ခင်က ဒီအိမ်မှာလည်း ပျော်တာပေါ့။
ဟိုအိမ်မှာလည်း ပျော်တယ်။
ဟိုအိမ်မှာကျ လူတွေ အများကြီးပဲ"

ကျတော် သမီးကို သဘောကျပြီး ပြုံးကြည့်မိသည်။

သမီးက အရွယ်နှင့် မလိုက်အောင် စကားတွေ တတ်နေလေပြီ။
ဒါတွေက အားချစ်နဲ့ တူတာလား?
သူ့အမေနဲ့ တူတာလား?
လို့ ဖျတ်ကနဲ တွေးမိသည်။

"ခင်ခင်မှာ ဖေဖေရယ်၊
ဒယ်ဒီရယ် ၊
ဖေဖေ(၂)ယောက်တောင် ရှိတယ်နော့"

ဟင်။
သမီးက အခုတပတ် အတွင်း ဒီလို ထူးထူး ဆန်းဆန်း စကားတွေ တောင် ပြောတတ်၊ရေတွက်တတ်နေပါ့လား?

မနေ့က မေးတဲ့ ကိစ္စ ကို ဆက်ပြီး မေးဦးမှပဲ။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now